Chapter 40

16.2K 2.6K 68
                                    

//Zawgyi//

နောက်ဆုံးမှာတော့ ကျင်ရွှင်က သူ့ပစ္စည်းတွေကိုထုပ်ပိုးကာ ရှန်ရိကျင်းနဲ့အတူလေဆိပ်ကိုသွားကြသည်။ Dragongမြို့တော်ကနေ Sမြို့တော်ကိုကားနဲ့ဆိုရင် နာရီအများကြီးကြာပေမယ့် လေယာဉ်နဲ့ဆိုရင်တော့ တစ်နာရီကျော်ကျော်သာကြာသည်။

ကျင်ရွှင်က လေယာဉ်စီးရတာကိုမကြိုက်ပေမယ့် တစ်နာရီကျော်လောက်ပဲကြာမယ်ဆိုရင်တော့ သူသည်းခံနိုင်ပါတယ်။ သူတို့လေဆိပ်ကိုမရောက်ခင်အထိ ကိုယ်ပိုင်လေယာဉ်နဲ့သွားမှာမှန်း ကျင်ရွှင်မသိခဲ့ပေ။

ကိုယ်ပိုင်ဂျက်လေယာဉ်က သဘာဝကျစွာပင် ရိုးရိုးလေယာဉ်တွေထက် အများကြီးပိုသက်တောင့်သက်သာရှိသည်။ ရှန်ရိကျင်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်က အိပ်ခန်းနှစ်ခန်းပါသည်။ အဓိကအိပ်ခန်းနဲ့ သာမန်အိပ်ခန်းကိုရှင်းလင်းပြီးသားပင်။ ကျင်ရွှင်က အဓိကအိပ်ခန်းထဲက အိပ်ရာပေါ်မှာလှဲကာ တစ်ခဏလောက်အနားယူနေပြီး မကြာခင်Sမြို့တော်ကိုရောက်သွားမှာဟု ခံစားနေရသည်။

ရှန်ရိကျင်းပြောတဲ့ farm paradiseကိုရောက်တဲ့အချိန် နေ့လည်ဆယ့်နှစ်နာရီတောင်မထိုးသေးပေ။

ဒီfarm paradiseကို ရှန်အုပ်စုက ရင်းနှီးမြှုပ်နှံကာ တိုးတက်အောင်လုပ်ဆောင်နေပြီး အခုထိစီးပွားရေးအတွက် တရားဝင်မဖွင့်ရေသေးပေ။

အကျယ်အဝန်းကြီးမားလွန်းလှတဲ့ပန်းခြံတွေလိုပဲ ဒီနေရာမှာ အပန်းဖြေဥယျာဉ်နဲ့ တိရစ္ဆာန်ရုံလည်းရှိသည်။ ဒါ့အပြင် ပန်းခြံမှာလည်း လယ်ယာအသွင်အပြင်ပစ္စည်းတွေပေါင်းထည့်ထားသည်- ရှန်ရိကျင်းပြောစကားအရ အုပ်စုက အနောက်ဘက်က တောင်တစ်တောင်လုံးကို စာချုပ်ချုပ်ဆိုထားခဲ့ပြီး အဲ့ဒါကို စိမ်းစိုတဲ့ဥယျာဉ်လယ်ကွင်းအဖြစ်ပြောင်းမှာပင်။ လည်ပတ်သူတွေက တောင်ပေါ်မှာနေနိုင်ပြီး ကောက်ရိတ်သိမ်းခြင်းနဲ့ ဥယျာဉ်စိုက်ပျိုးခြင်းအတွေ့အကြုံတွေကို ကိုယ်တိုင်ကိုယ်ကျခံစားနိုင်မည်။

တောင်ထိပ်မှာတော့ လက်ရည်ပွဲအခမ်းအနားတွေ၊ ပန်းအလှဆင်မှု၊ ကမ္မဋ္ဌာန်းထိုင်ခြင်း၊ အနှိပ်ခံခြင်းနဲ့ အခြားပရောဂျက်တွေကိုလည်း ထည့်ထားသည်။ ကြယ်ငါးပွင့်စားသောက်ဆိုင်တွေနဲ့ ကဖေးဆိုင်များစွာရှိပြီး လည်ပတ်သူတွေကို ခေတ်သစ်လှုမှုအဖွဲ့အစည်းနဲ့ ထိတွေ့မှုအား မဆုံးရှုံးစေဘဲ သစ်သီးခြံတွေနဲ့လယ်ယာအိမ်တွေရဲ့ပျော်ရွှင်မှုကို ခံစားနိုင်အောင် လှပလက်ရာမြောက်တဲ့ ကျေးလက်ဘဝအသွင်အပြင်ကို ဖန်တီးထားတာပင်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now