Chapter 4

12.7K 2.1K 43
                                    

<<Zawgyi>>

ကျင်ရွှင်က လုပ်ဆောင်ချက်အချို့ထပ်ပေါင်းလုပ်ပြီးနောက် ဗီဒီယိုက အင်တာနက်ပေါ်မှာ အဆင့်ဆင့်ပျံ့နှံ့နေမှန်း သေချာလို့သွား၏။

Weiboပေါ်က hot searchက အဖိနှိပ်ခံလိုက်ရပေမယ့်လည်း ဗီဒီယိုရဲ့တည်ရှိနေသေးမှုနဲ့ ညံ့ဖျင်းတဲ့စာရိတ္တ၊အပြုအမူရှိကြတဲ့ ချမ်းသာတဲ့ဒုတိယမျိုးဆက်အချို့ရဲ့ ပြုမူပုံတွေကြောင့် ချမ်းသာတဲ့သူတွေကိုမုန်းနေကြတဲ့ နိုင်ငံသားတွေရဲ့ဒေါသကို အမှတ်မထင်သွားဆွမိသွားတာကြောင့် အကြောင်းအရာက အခုချိန်ထိကျော်ကြားနေဆဲပင်။

ဗီဒီယိုထဲမှာပါသွားတဲ့ လင်လိနဲ့အခြားသူတွေက ဗီဒီယိုကိုဖျက်ပစ်ဖို့ ပိုက်ဆံတွေသုံးနေပေမယ့်လည်း သူတို့လုံးဝဖျက်ပစ်လို့မရလေဘူး။

ဗီဒီယိုက မိုးရွာပြီးနောက်ထွက်ပေါ်လာတဲ့ ပေါင်းပင်လိုပဲ၊ တစ်နေရာမှာဖျက်ပစ်လိုက်ပြီး မကြာပါဘူး အခြားနေရာတွေမှာ ထပ်ပေါ်လာသည်။ နောက်ပိုင်း သူတို့ဟက်ကာတွေငှားခဲ့ပေမယ့် သူတို့လိုချင်သလိုဖြစ်လာဖို့ ကျရှုံးနေသည်။ အဲ့တာကိုမဖျက်နိုင်ရုံတင်မကဘဲ ဘာလို့မဖျက်နိုင်ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုတောင် ရှာမရဘူး။

သူတို့သိတဲ့တစ်ခုတည်းသောအရာကတော့ ဗီဒီယိုက အလွန်အမင်းကို မြင့်မားတဲ့Firewallနဲ့အတူ နေရာတစ်ခုမှာထားရှိခြင်းခံထားရသည်။ အဲ့တာကို ဘယ်သူလုပ်တာလဲ၊ ဘယ်လိုလုပ်တာလဲ၊ ဘယ်လိုကျော်လွှားရမလဲဆိုတာကတော့…ဘယ်သူ့ဆီမှာမှ သဲလွန်စမရှိကြဘူး။

လင်လိနဲ့အခြားသူတွေအားလုံးက စိုးရိမ်ပူပန်နေကြရပြီး ဒီကိစ္စမှာတိုက်ရိုက်မပါဝင်တဲ့ ရှန်ပေါ်ဟန်တောင်မှ အချိန်ကောင်းတစ်ခုရှိမနေဘူး။

သူက ဗီဒီယိုထဲမှာမပါပေမယ့် လင်လိနဲ့အခြားသူတွေက သူနဲ့တူတူအပြင်ထွက်လည်ကြကြောင်း သူ့မိသားစုကလူတိုင်းက သိကြသည်။

အခု လူအနည်းငယ်က နိုင်ငံသားတွေရဲ့လှောင်ပြောင်သရော်မှုကိုခံနေရပြီး အဲ့အပူမီးက အခုထိမငြိမ်းသက်သေးတာကြောင့် သူ့မိသားစုကအကြီးပိုင်းတွေကလည်း သဘာဝကျစွာပဲ ဒီကိစ္စကို သတိထားမိလာကြသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now