Chapter 51

13.7K 2.3K 72
                                    

//Zawgyi//

[မီမီ : ပြောစမ်းပါဦး နင်တို့ရောအဲ့ဒါကိုယုံလား ဘော့စ်နဲ့သူ့ဇနီးလေးက အဲ့ဒါကိုပွင့်ပွင့်လင်းလင်းလုပ်နေတာ…]

[လက်ထောက်ရှောင်လု : ဘာဆက်ဖြစ်သွားလဲ? တန်းလန်းကြီးမထားခဲ့နဲ့လေဟာ ]

[ထန်းထန်းထန်း : ဘာ? ငါထွက်သွားတာက ခဏပဲရှိသေးတာကို စားစရာ*ဖရဲသီးရှိလာပြီပေါ့ ]

{*ကောလဟာလအတင်းအဖျင်း}

လက်ထောက်အတွင်းရေးမှူးတွေရဲ့ သီးသန့်စကားပြောဂရုက ချက်ချင်းဆိုသလို ပူလောင်ပြင်းပြလာသည်။

ဥက္ကဋ္ဌရုံးခန်းအပြင်မှာ ထိုင်နေတဲ့ အတွင်းရေးမှူးမီက တင်းကျပ်စွာပိတ်ထားတဲ့တံခါးကို ကြည့်ကာ မနေနိုင်ဘဲ ခုနလေးတင် အုပ်စုစကားပြောခန်းမှာ ပြောခဲ့တဲ့ ရင်ဖိုဖွယ်အတွေ့အကြုံကို ပြန်စဉ်းစားလိုက်သည်။

လွန်ခဲ့တဲ့တစ်ခဏတုန်းက အာ့ရှောက်က ရုတ်တရက်ကြီးဝင်ရောက်လာကာ ဥက္ကဋ္ဌရှန်ကို တွေ့ချင်တယ်လို့ပြောလာသည် အဲ့နောက် သူကစကားတစ်လုံးမှမပြောဘဲ ရုံးခန်းထဲကို အပြေးဝင်သွား၏။

အတွင်းရေးမှူးမီက သူ့ကိုဘယ်လိုလုပ်တားဆီးနိုင်မှာတုန်း ရုပ်ပိုင်းဆိုင်ရာခွန်အားက အရမ်းကိုခြားနားတယ်လေ သူ့ကိုတားဆီးရမယ့်အစား သူမက ရုံးခန်းထဲကို အာ့ရှောက်ရဲ့ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။

[လက်ထောက်ရှောင်လု : ……]

[ထန်းထန်းထန်း : ဘာကြီး? အာ့ရှောက်က ရိဝေ့ကိုလာတယ်? သူက ဘော့စ်ရဲ့ရုံးခန်းထဲကိုလည်း ဖောက်ဝင်သေးတယ်?? လုံခြုံရေးတွေက ဘာလုပ်နေကြတာလဲ ]

[မီမီ : ဟုတ်တယ် အာ့ရှောက်ဘယ်လိုလုပ်ဝင်လာနိုင်တာလည်း ငါမသိဘူး…ဘယ်လိုပဲဖြစ်ဖြစ် ငါသေလောက်အောင်လန့်သွားတာ။ ငါတွေးလိုက်တာ ဒီတစ်ကြိမ်တော့ ပြီးပြီလို့ပဲ၊ ငါမမျှော်လင့်ထားတာက ဒီလိုပူလောင်တဲ့မြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့…]

အတွင်းရေးမှူးမီက ခုနကအခြေအနေကို ပြန်တွေးကြည့်ကာ ရုံးခန်းထဲမှ ထိုမြင်ကွင်းက အရမ်းကိုလှပတယ်လို့ တွေးလိုက်မိသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now