Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ

11.4K 1.6K 67
                                    

//Zawgyi//


________________________

ကောင်းကင်က အုံ့မှိုင်းနေဆဲပင်။

မှိုင်းညို့နေတဲ့တိမ်တို့ဖြင့် ဖုံးကာထားသော မီးခိုရောင်ကောင်းကင်အောက်ဝယ် သစ်ပင်တွေနဲ့မြက်တွေရဲ့အရောင်ဟာ အတန်ငယ်မှုန်မှိုင်းနေလျက် Xfordတက္ကသိုလ်ဝင်းအတွင်းမှ ဥရောပစတိုင်အဆောက်အုံတွေကလည်း နေသာတဲ့နေ့တွေကထက် ပိုပြီးနက်မှောင်နေသည်။

သို့ပေမဲ့ တီရှပ်ဖြူပါးပါးလေးကို ဝတ်ဆင်ထားတဲ့လူငယ်လေးကတော့ အရာအားလုံးပြောင်းလဲသွားခဲ့သည်။

အနည်းဆုံးတော့ ရှန်ရိကျင်းရဲ့နှလုံးသားထဲမှာပေါ့။

သူ့ကိုကြည့်ရန်ခေါင်းမော့လာတဲ့လူငယ်လေးမှာ ဖျော့တော့ပြီးချောမောတဲ့မျက်နှာလေးရှိကာ ကျောက်မျက်ရတနာလို နက်မှောင်တောက်ပနေတဲ့သူ့မျက်ဝန်းတွေက အမှောင်ညထဲမှတုနှိုင်းမဲ့ကြယ်ရောင်လေးလိုမျိုးဖြစ်နေပြီး နှာတံမြင့်မြင့်ရဲ့အောက်ဝယ် နီရဲရဲနှုတ်ခမ်းပါးတို့က အုံ့မှိုင်းစိတ်ပျက်ဖွယ်အရောင်နဲ့ ဆန့်ကျင်လျက် အထင်ရှားဆုံးအစိတ်အပိုင်းတို့ပင်။

…သူ့ချစ်သူရဲ့မျက်နှာလေးက အများကြီးပိုငယ်သွားပေမဲ့လည်း တစ်ယောက်ကိုတစ်ယောက်ဒီလိုမျိုးကြည့်ရင်းဖြင့် ဒါကသူ့ကျင်ရွှင်ဆိုတာ သေချာဖို့ ရှန်ရိကျင်းအတွက်လုံလောက်ပေသည်။

အဲ့ထက်ပိုတာက နှုတ်ခမ်းပါးနှစ်ခုကပွင့်ကာပိတ်သွားပြီး သူ့အားသနားစဖွယ်ခေါ်လာသည်လေ : “ရှဲန်းရှန်…”

ချက်ချင်းဆိုသလို သူ့နှလုံးသားထဲမှာအက်ရာတစ်ခုပေါ်လာသလိုပင်။ ရှန်ရိကျင်းက လူငယ်လေးအားပွေ့ဖက်လိုက်ကာ သူ့ကုတ်ကိုခြုံပေးလိုက်ပြီး နောက်ဆုံးမှာတော့ သူ့ကိုယ်ကိုအနည်းငယ်ကိုင်းကာ ရှည်လျားတဲ့လက်မောင်းတစ်ဖက်က လူငယ်လေးရဲ့ဒူးအောက်ကိုဖြတ်ကျော်သွားလျက် မင်းသမီးလေးလိုပွေ့ချီလိုက်သည်။

“ဟမ်…”

ပတ်ဝန်းကျင်မှာ အရှိန်ပြင်းပြင်းဆွေးနွေးနေတဲ့လူတွေက ဒီမြင်ကွင်းကိုမြင်လိုက်ချိန် ချက်ချင်းထအော်တော့သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now