Chapter 71

12.1K 2K 203
                                    

//Zawgyi//

Chapter 71 : Happy Wedding

___________

ရှန်ရိကျင်းက “ကိုယ်လုပ်လို့ရမလား”ဟု မေးခဲ့သော်ငြား…

သူက မေးရုံသက်သက်ပဲဟု ကျင်ရွှင်ခံစားမိသည်။ ဘာလို့လဲဆိုတော့ လာသင့်တဲ့အရာအားလုံးက ရောက်လာလို့လေ။

ဒီနေ့ သူတို့လက်ထပ်မှတ်ပုံတင်ရခဲ့တာကြောင့် သူကအဲ့ဒါကိုအောင်ပွဲခံကျင်းပချင်တာလား?

ဒါမှမဟုတ် ရှဲန်းရှန်က ဒါလုပ်ဖို့ရုတ်ခြည်းစိတ်ပါလာတာလား?

ဒါက စိတ်ပိုင်းဆိုင်ရာ လက္ခဏာလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာသက်သက်ပဲလား

အချိန်ကိုတွက်ကြည့်မယ်ဆိုရင် သူတို့အရင်တစ်ခေါက်လုပ်ခဲ့တာ နှစ်လလောက်ရှိသွားပြီပဲ…

ကျင်ရွှင် ထိုအချိန်ကိုမှတ်မိသည်။

သို့သော်ငြား သူဘာမှထပ်မစဉ်းစားနိုင်တော့ပေ။

ဒီတစ်ကြိမ်မှာတော့ သူကဆေးရဲ့လွှမ်းမိုးမှုလည်းမရှိသလို ကောင်းမွန်တဲ့အခြေအနေမှာရှိနေပေမဲ့ ဒါကသူ့ရဲ့ကြည်လင်နေတဲ့ဦးနှောက်ကြောင့်လားတော့သူမသိ၊ အထိအတွေ့တွေက..ပိုပြီးတော့ ပြင်းထန်လှတယ်

ပြီးတော့ ပိုပြီးတော့လည်း ကြာသလိုပဲ

အရင်တစ်ခေါက်က ဒီလောက်ကြာလို့လား?

ကျင်ရွှင် ဘာကိုမှမမှတ်မိနိုင်တော့ပေ။

အချိန်ကြာတဲ့ ယူဆချက်အောက်မှာ သူရောက်နေပေမဲ့ ရလဒ်ကတော့ အတူတူပင်။

__နှစ်ခေါက်လုံး သူခြေကုန်လက်ပန်းကျပြီး သတိလစ်သွားတယ်

သို့ပေမဲ့ အရင်တစ်ခေါက်မှာ သူကစိတ်ရှုပ်ထွေးနေတဲ့အခြေအနေမှာ ရှိနေပြီး အစောကတည်းကသတိလစ်ခါနီးဖြစ်နေတာပင်။ “အတော်လေးကြာတယ်”ဆိုတဲ့ စိတ်ခံစားချက်အသိမျိုး ရှိမနေခဲ့။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ထိုခံစားချက်က အထူးကိုပြင်းထန်လှ၏။

ဒီဟာပြီးနောက် ကျင်ရွှင်က သူ့ဘာသာတောင်ရေမချိုးနိုင်တော့ချေ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now