Chapter 79

9.5K 1.7K 84
                                    

//Zawgyi//

Chapter 79 : ရှန်ရိကျင်းရဲ့အတိတ်
___________

[သက်တံက မှားရေးထားတာမဟုတ်ပါဘူး]

မိုးဘယ်အချိန်စဲသွားမှန်းသူမသိပေ။

ကျင်ရွှင်အပြင်ဘက်ကိုထပ်ကြည့်လိုက်မိချိန် ကောင်းကင်တစ်ခုလုံးကြည်လင်နေလေပြီ။

အရောင်တောက်တောက်သက်တံတစ်စင်းက မိုးပြာရောင်ကောင်းကင်ထက်ဝယ် ချိတ်ဆွဲလျက်ရှိနေသည်။ တိမ်တွေကြားမှ သူရိန်နေမင်းကထိုးဖောက်ထွက်လာကာ ပြတင်းပေါက်ကနေဖြတ်သန်းလျက် ကြမ်းပြင်နဲ့သားမွေးကော်ဇောကို အလင်းရောင်ပေးလျက်ပင်။ အခန်းတွင်းအပူချိန်က ထွက်ပေါ်ကာ တစ်ဖန်နွေးထွေးစပြုလာသည်။

ကျင်ရွှင်က ရှန်ရိကျင်းပေါ်မှာလဲလျောင်းနေရင်း လုံးဝမလှုပ်နိုင်တော့ပေ။

အကြောင်းအရင်းရဲ့တစ်စိတ်တစ်ပိုင်းသေးသေးလေးကတော့ ရှဲန်းရှန်ကိုကိုက်ရတာပင်ပန်းလို့ပဲ။

အကြောင်းအရင်းရဲ့အများစုကတော့ …နောက်ပိုင်းမှာ သူတို့တွေထူးဆန်းတဲ့အရာတွေအများကြီးလုပ်ခဲ့တာကြောင့်ပဲ…

ဥပမာအနေနဲ့ ဟိုဟာဒီဟာ..ချာချာချာပေါ့

မနေ့ညက သူဟိုဒင်းဒီဒင်းလုပ်ရင်းဖြတ်ကျော်ခဲ့ရတယ်၊ အတိတ်မှာတုန်းကဆို အားပိုစိုက်ထုတ်တဲ့သူကရှဲန်းရှန်ပဲ

ဒီတစ်ကြိမ်မှာတော့ အဲ့ဒါကကျင်ရွှင်အဖြစ် …ပြောင်းသွားရုံပါပဲ

[ဒါဒါ - သူတို့ဘာလုပ်လိုက်မှန်းသိကြရဲ့လား ကိုယ့်ဟာကိုယ်မှန်းကြည့်ကြ ><]

“ကျွန်တော်မလှုပ်နိုင်ဘူး ရှဲန်းရှန်” အိပ်ရာထက်လဲလျောင်းလိုက်ရင်း ကျင်ရွှင့်အသံကအက်ကွဲနေ၏ : “ကျွန်တော်ရေချိုးချင်တယ်၊ ရေလည်းသောက်ချင်တယ်လို့”

“ဟုတ်ပြီ”

ရှန်ရိကျင်းရဲ့လှုပ်ရှားမှုတွေက အရင်ကထက် အများကြီးပိုပြတ်သားကာသေသပ်လာသည်။ သူကအရင်ဆုံးဘောင်းဘီတစ်ထည်ဝတ်လိုက်ပြီးနောက် ကျင်ရွှင်အတွက် ရေတစ်ခွက်ခပ်ပေးကာ ခွံ့တိုက်လာသည်။

နောက်ဆုံးမှာတော့ စောင်နဲ့ထုပ်ခံထားရတဲ့လူငယ်လေးဟာအချီခံလိုက်ရပြီး ရေချိုးခန်းထဲအသယ်ခံလိုက်ရ၏။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now