Chapter 47

15.2K 2.6K 81
                                    

//Zawgyi//

သူမိန်းမောနေတဲ့အချိန်မှာ ကျင်ရွှင်က ရုတ်ခြည်း ရှန်ရိကျင်းမေးလာတာအား ကြားလိုက်ရသည် : “ရှောင်ရွှင် အရင်က ဒီလိုမျိုး ဆက်ဆံခံခဲ့ရဖူးလား?”

ဒီအခိုက်အတန့်မှာ သူ့စိတ်က ဝရုန်းသုန်းကားအခြေအနေမှာ ရှိနေတာမို့ သိပ်ပြီးအာရုံမစိုက်မိဘဲ သဘာဝအလျောက်ပြန်ဖြေလိုက်မိသည်
“ဟင့်အင်း”

ဒီစကားလုံးကိုကြားတော့ သူ့နောက်မှပုဂ္ဂိုလ်က လှုပ်ရှားနေတာရပ်သွားသည်။

သူက တကယ်ကို အေးခဲနေတဲ့ပုံရိပ်အတိုင်း ရပ်တန့်သွားတာပင်။

ရှန်ရိကျင်းက သူ့အနောက်ဘက်မှာ ခန္ဓာကိုယ်ကို တစ်ဝက်ထောက်ကန်တားတဲ့ ပုံစံနဲ့ ရှိနေဆဲပင်။

သူ့ကိုထောက်ပံ့ပေးထားတဲ့လက်မောင်းနှစ်ဖက်က အားအင်အပြည့်ပင်။ ရှန်ရိကျင်းက သူ့ပေါ်မှာ ဘာအလေးချိန်မှတင်မထားပေမယ့် နှစ်ယောက်သားက အရမ်းကိုနီးကပ်နေဆဲဖြစ်သည်။ လေထုကလည်း အလွန်ကိုပူလောင်လာရာ အရာအားလုံးက မီးပေါ်မှာ ရှိနေတဲ့အတိုင်းပင်။

ကျင်ရွှင့်ရဲ့ပျာယာခတ်နေတဲ့ဦးနှောက်က ရှုပ်ထွေးနေပြီး
“ ကြည့်ရတာ တစ်ခါဖြစ်ဖူးပုံပဲ”

“……”

ရုတ်တရက် ကျင်ရွှင့်ပတ်ဝန်းကျင်က အရှိန်အဝါက အေးစက်သွားသည်။ ရေခဲရေတွေ ဒလဟောစီးဆင်းလာသလိုပင်။ အဲ့ဒါက သူ့အရေပြားကို ထိုးဖောက်သွားပြီး အပေါက်တစ်ခုချင်းစီတိုင်းကို ဝင်ရောက်သွားကာ သူ့ကိုတုန်ယင်လာစေသည်။

ရှန်ရိကျင်းရဲ့လေသံထဲမှာ ဘာခံစားချက်မှ ရှိပုံမရပင်: “တကယ်လား?”

“အင်း…”ကျင်ရွှင်က တုန်တုန်ယင်ယင်ဖြင့်ပြောလိုက်သည်။

“ မနေ့ကလေ…ရှဲန်းရှန်ပဲ ဒီလိုလုပ်ခဲ့ပြီးတော့”

ရှန်ရိကျင်း : “…”

ရှန်ရိကျင်းကြည့်ရတာ နောက်တစ်ကြိမ်အေးခဲသွားပုံပင်။ နောက်တစ်စက္ကန့်မှာ သူ့ရဲ့ကိုယ်ပိုင်အလေးချိန်ကို ကျင်ရွှင့်ပေါ်တင်လိုက်သည်။

သူတို့က ဘာခွန်အားမှမရှိဘဲ နှစ်ဦးသားက လုံးဝအတိ အတူတူနီးကပ်စွာမှီထားကြသည်။ ရှန်ရိကျင်းလက်မောင်းတွေက ကျင်ရွှင့်ခန္ဓာကိုယ်အောက် အားသုံးဝင်ရောက်လာကာ သူ့ကိုဖက်လာသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now