Chapter 59

13.7K 2.1K 130
                                    

//Zawgyi//

Chapter 59: အကျပ်ကိုင်ခြင်း

ကျင်ရွှင်က ရှန်ရိကျင်းနဲ့ထွက်သွားချိန် သူသတိမပြုမိခဲ့တာကတော့ ကော်ရစ်တာထောင့်မှာ လူနှစ်ယောက်ပုန်းအောင်းနေတာကိုပင်။

“အာ့ရှောက် ပြန်ကြရအောင်၊ တကယ်လို့သခင်လေး အပြင်ထပ်ခိုးထွက်တာကို သခင်မသိသွားခဲ့ရင် ကျွန်တော်ကြောက်တာက…”

အိမ်ထိန်းနဲ့တူတဲ့သတ်လတ်ပိုင်းအမျိုးသားတစ်ဦးက ခါးသက်စွာဖြင့် သူ့အားဆွယ်နေသော်လည်း ထိုနေရာတွင်ဆောင့်ကြောင့်ထိုင်နေသောရှန်ပေါ်ဟန်က လှုပ်မယ့်ရည်ရွယ်ချက်မရှိပေ။

သူ့မှာအဖျားရှိနေဆဲဖြစ်တာမို့ သူ့မျက်နှာက ပုံမှန်မဟုတ်စွာနီရဲနေသည်။

ရှန်ပေါ်ဟန်က နေရာမှာမှီလိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ရင်း ခုနလေးကအဖြစ်အပျက်ကို ပြန်တွေးနေမိသည်။

ဒီမနက်..ယန်ကျင်ရွှင်က စာမေးပွဲမှာခိုးချတယ်ဆိုပြီး ကျောင်းဖိုရမ်မှာ ပျံ့နှံ့နေတယ်ဆိုတာသူကြားခဲ့သည်။

ဒီသတင်းတွေကိုမြင်တော့ ရှန်ပေါ်ဟန်ရဲ့ပထမဆုံးတုံ့ပြန်မှုက မဖြစ်နိုင်ဘူးဟုပင်။

--အရင်တစ်ခေါက် ဟူရှောင်ဖုန်းက ကွန်ပြူတာသိပ္ပံဌာနရှိ သုတေသနရလဒ်တွေကို ခိုးယူကာ ယန်ကျင်ရွှင်အားအပြစ်လွှဲချရန် တိတ်တဆိတ်စီစဉ်ခဲ့ချိန်မှာ သူယန်ကျင်ရွှင်ရဲ့အင်အားကို အရမ်းကျယ်ကျယ်ပြန့်ပြန့်လေးလေးနက်နက် သင်ယူခဲ့ရပြီးပြီ

ယန်ကျင်ရွှင်က မခိုးချနိုင်ဘူးဆိုတာ သူသိတယ်။ သူက အဲ့ဒါကိုလုပ်လည်းမလုပ်သလို ဂရုစိုက်မှာလည်း မဟုတ်ဘူး။

ဒါ့ကြောင့် သတင်းတွေကိုကြားပြီးနောက်မှာ ရှန်ပေါ်ဟန်က သူ့ကိုတားဆီးရန်ကြိုးပမ်းနေကြသော ဆရာဝန်တွေ၊သူနာပြုတွေရဲ့လက်အောက်မှ ဆေးရုံကနေ ပြေးထွက်လာခဲ့သည်။

သူတွေးခဲ့မိတာက ယန်ကျင်ရွှင်ကို 59မှတ်ပေးတဲ့ဆရာနဲ့တွေ့ဆုံပြီး အမှတ်ပြန်ပေးဖို့တောင်းဆိုမယ် ဒါမှမဟုတ် ကျောင်းအုပ်ကြီးကိုပဲ တိုက်ရိုက်ဆက်သွယ်မယ်လို့ပေါ့…

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now