Extra 1.5: Later Story - လကျထပျပှဲ/လက်ထပ်ပွဲ

7.7K 1.2K 3
                                    

//Zawgyi//

Extra 1.5: Later Story - လက်ထပ်ပွဲ

____________

နောက်ထပ်အချိန်တစ်ခုကြာပြီးနောက် ကျင်ရွှင့်ဓာတ်ခွဲခန်းမှပထမဆုံးAI chipဟာ မရေမတွက်နိုင်တဲ့နေ့နေ့ညညသုတေသနပြုမှုတွေပြီးနောက် တရားဝင်အသုံးပြုခဲ့သည်။

ဒါကို လေယာဉ်မောင်းခြင်းနဲ့ရေအောက်စူးစမ်းခြင်းတို့လို့ အဆင့်မြင့်ယာဉ်ထုတ်လုပ်မှုနည်းပညာနယ်ပယ်မှာ အသုံးပြုတယ်ဆိုကတည်းက အရေးကြီးနိုင်ငံ့လျို့ဝှက်ချက်တွေလည်း ပါဝင်လာခဲ့လေပြီ။ ရိဝေ့ရဲ့ဒီchipက ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြားသတင်းလွှင့်ပြီး တင်ပြခဲ့ရင်တောင်မှပဲ မီဒီယာတွေအတွက် ၎င်း၏အစစ်အမှန်လုပ်ဆောင်ချက်နှင့် ဆက်စပ်နေတဲ့ဒေတာတွေကိုတော့ ထုတ်ပြန်ကြေညာရန်မဖြစ်နိုင်ပေ။

သို့တစေ ထိုသို့ဆိုရင်တောင် ဒါက ကမ္ဘာမှာ ပထမဦးဆုံးစစ်မှန်တဲ့ပြီးပြည့်စုံသော AI smart chipမွေးဖွားလာခြင်းပင်။

ဒီသတင်းက နိုင်ငံတွေရဲ့အကြီးအကဲတွေပဲဖြစ်စေ သာမန်လူတွေပဲဖြစ်စေ လူတိုင်းရှော့ခ်ရဖို့လုံလောက်နေချေပြီ။

အဆင့်အတန်းမြင့်နည်းပညာနယ်ပယ်နဲ့ နီးနီးကပ်ကပ်ဆက်နွယ်နေသူတွေကိုတော့ ပြောဖို့မလိုတော့ပေ၊ နိုင်ငံထဲမှသာမန်နိုင်ငံသားတွေတောင် ဒီပစ္စည်းကဘာကိုပြုလုပ်နိုင်လဲမသိသော်ငြား သူတို့နိုင်ငံတွင်းမှာ အခြားကမ္ဘာတစ်ခု ပထမဆုံးအကြိမ်မွေးဖွားလာခြင်းဖြစ်တာကြောင့် သူတို့မနေနိုင်ဘဲ ဝင့်ကြွားဂုဏ်ယူမိနေသည်။

ထိုပစ္စည်းဘာလုပ်နိုင်တယ်ဆိုတာက အရေးမကြီးဘူး၊ ၎င်းက ဒီအခါသမယမှာ ရိဝေ့အပေါ် လူထုရဲ့မြင့်မြင့်မားမား တန်ဖိုးဖြတ်မှု၊ ချီးမြှောက်မှုတို့ကိုမသက်ရောက်နိုင်ပေ။

“ရိဝေ့က အရင်လကမှ စာရင်းဝင်ထားတာ ဒီလကျတော့chipကိုထုတ်လုပ်လိုက်တယ်။ ရင်းနှီးမြှုပ်နှံသူတွေကတော့ ရူးလောက်အောင်ပျော်နေတော့မှာပဲ”

“ဒါက ရိဝေ့ရဲ့ခွန်အားကို ပြည့်ပြည့်ဝဝအတည်ပြုလိုက်တာပဲ။ ရိဝေ့ရဲ့စတော့ကိုဝယ်မယ်၊ ငါတို့အားလုံးပိုက်ဆံကောင်းကောင်းရှာရမယ်ကွ”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now