Chapter 19

16K 2.9K 88
                                    

//Zawgyi//

ကျင်ရွှင် : “ ခင်ဗျား…Mr?! ခင်ဗျားဘာလို့ပြန်ရောက်နေတာလဲ?”

ကြည်နူးမိတာလား အံ့အားသင့်မိတာလားတော့ သူမပြောနိုင်ပေ။ အတိုချုပ်ပြောရရင် ရှန်ရိကျင်းကို သူမြင်လိုက်ရတဲ့အခိုက်အတန့်မှာ ရုတ်တရပ်သူ့ကိုပွေ့ဖက်ချင်စိတ်တွေ ပေါ်ပေါက်လာသည်။

သူအဲ့လိုလဲလုပ်ခဲ့တယ်။

သူတို့တစ်ဦးကိုတစ်ဦးကိုင်လိုက်ချိန် သူတို့ကြားမှာ တကယ်ကြီးခြေတစ်လှမ်းစာအကွာအဝေးပဲရှိတော့သည်။ ကျင်ရွှင်ရဲ့အရပ်နဲ့လက်မောင်းအလျားအရဆို သူတို့တစ်ဦးကိုတစ်ဦး ပြီးပြည့်စုံစွာပွေ့ဖက်ထားလို့ရပေမယ့် တစ်နည်းနည်းကြောင့် ပုံရိပ်ကတဖြည်းဖြည်း…

သူလဲကျသွားတယ်…!

အဲ့နောက် ရှန်ရိကျင်းရဲ့ဖမ်းယူခြင်းကို ခံလိုက်ရတယ်..!

ပစ်လဲကျသွားတယ်..ပြီးတော့ ပြန်ဖမ်းမိသွားတယ်..

တစ်ဖက်လူက သူ့ခါးမှာဝန်းရံထားဖို့ လက်နှစ်ဖက်လုံးကို သုံးလိုက်ရပြီး သူတို့အချင်းချင်းအရမ်းကိုနီးကပ်သွားကြသည်။

အခြေအနေကအဆင်ပြေသွားတာတောင် တစ်ဖက်လူက သူ့ကိုဖေးမထားတာကို ကျင်ရွှင်ခံစားရသည်။

ကံကောင်းစွာနဲ့ ဒီဟာကလူတွေဝင်ထွက်သွားလာနေတဲ့ ဆေးရုံတစ်ခုပင်။

ကံကောင်းစွာနဲ့ပဲ ပြန်တွေ့ဆုံရလို့ ပျော်ရွှင်မှုက ဒီအနည်းငယ်သောအရှက်ရဖွယ်လေးကို လွှမ်းမိုးသွားသည်။

ကျင်ရွှင်က ရှက်သွေးဖြာကာ ဒီအမျိုးသားနှစ်ယောက်ကြားက ပုံမှန်မဟုတ်မှုကို မသိချင်ယောင်ဆောင်ရင်း ရှန်ရိကျင်းကို ခပ်ဖွဖွလေးပြန်ဖက်လိုက်သည်။

အဲ့နောက် ကော်ရစ်တာက ဘာလို့ဒီလောက်တိတ်ဆိတ်နေရတာလဲဆိုတဲ့ အကြောင်းအရင်းကို သူတွေ့သွားသည်။ သူ့စိတ်ကလွင့်မျောသွားတာကြောင့် မဟုတ်ဘဲ ရှန်ရိကျင်းရဲ့အသွင်အပြင်က ကော်ရစ်တာတစ်ခုလုံးကို ထူးထူးခြားခြားတိတ်ဆိတ်တဲ့အခြေအနေကို ရောက်သွားအောင် အသက်သွင်းလိုက်တာပင်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now