Chapter 11

9.9K 1.9K 32
                                    

//Zawgyi//

ကျင်ရွှင် အစကတွေးခဲ့တာက သူသာရှန်ပေါ်ဟန်အကြောင်းထုတ်ပြောလိုက်ရင် ဗီလိန်အစ်ကိုကြီးက သူ့ကိုမနှစ်မြို့သလိုဖြစ်သွားပြီး သူ့ကိုကားပေါ်ကနေ မောင်းချပြီးထွက်သွားမယ်ပေါ့။

ဒါပေမယ့် ရလဒ်ကတော့ …တကယ်တမ်း ဘာမှဖြစ်မလာဘူး

တစ်ဖက်လူက ဘာမှပြောမလာမှတော့ သူကလဲစေ့စပ်ပွဲကိုဖျက်သိမ်းမယ့်အကြောင်း မပြောရဲဘူး။

အဲ့အေးစက်တဲ့အကြည့်တွေထဲမှာ ဘာတွေဖြစ်ပျက်နေမှန်း သူမသိပေမယ့် အတော်လေးဥာဏ်ကောင်းတဲ့သူတစ်ယောက်အနေနဲ့ သူအနည်းနဲ့အများသိသွားတာတော့ရှိသည်။ ဒီဗီလိန်အစ်ကိုကြီးက လူတွေ သူ့ဆီကနေဝေးဝေးနေတာကို မကြိုက်ဘူး။

…ဘယ်လိုနည်းလမ်းနဲ့မဆိုပေါ့။

နောက်ထပ်လမ်းအချက်ပြမီးကိုဖြတ်ကျော်သွားပြီးနောက် ကျင်ရွှင်မနေနိုင်ဘဲ လမ်းမီးတွေက မှောင်ကာ ကားထဲကအလင်းရောင်ကမှိန်ဖျော့နေစဉ်တွင် သူ ဒဏ္ဍာရီလာဗီလိန်ကြီးကို ခိုးကြည့်လိုက်သည်။

ရှန်ရိကျင်းက ရှေ့ကိုတန်းတန်းမတ်မတ်ကြည့်နေပြီး သူ့ရဲ့ဘေးတစ်စောင်းပုံရိပ်က ခန့်ညားနေကာ အမူအရာကတော့မပြောင်းမလဲရှိနေဆဲပင်။

…ဒီတော့ ကြည့်ရတာ သူအတွေးလွန်နေပြန်ပြီထင်တယ်

အိုက်ယား..

သဘောတူညီမှုမတိုင်ခင်တုန်းက သူ့ရည်ရွယ်ချက်က သူတို့တူတူနေမယ်၊ သူ့စိတ်ခံစားချက်တွေ တည်ငြိမ်အောင်ကူညီပေးကာ သူ့ရဲ့နေမကောင်းမှုကို ကုသပေးပြီး အဲ့နောက် လက်ထပ်တာတို့ဘာတို့လုပ်မယ်ပေါ့။ ဒါပေမယ့် ဗီလိန်အစ်ကိုကြီး ချစ်ကျွမ်းဝင်လာဖို့က မဖြစ်နိုင်ဘူးလေ။

ရှန်မိသားစုရဲ့ အစ်ကိုကြီးက မေတ္တာတွေ အချစ်တွေကို နားမလည်တာကြောင့် လူတွေကသဘောကျကြတယ်။ အဲ့တော့ သူက သူ့အတိတ်ကိုဂရုမစိုက်တာက သေချာပေါက်ပဲပေါ့။

သူ အဲ့အကြောင်းကို ဂရုမစိုက်တာလဲ ကောင်းတာပါပဲ။

ရှန်ရိကျင်းက ကျင်ရွှင်နဲ့အတူတူရှိနေချင်တာက သူလိုအပ်လို့လေ တကယ်လို့ သူ့ရဲ့သက်ရောက်မှုက အဲ့လောက်အလုပ်မဖြစ်မှန်း သိသွားခဲ့ရင် သူနှုတ်ထွက်လို့ရရင် ရမှာပေါ့!

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now