//Zawgyi//
ရှန်ရိကျင်းရဲ့မျက်လုံးတွေကိုပြန်ကြည့်ရင်း ကျင်ရွှင်ကမနေနိုင်ဘဲ ရဲတင်းတဲ့ယူဆချက်တစ်ခုလုပ်လိုက်သည်။ ရှဲန်းရှန်က သူ့ဓာတ်ပုံတွေကို သူ(ကျင်ရွှင်)ဆန္ဒရှိသလို တင်လို့ရတယ်လို့ သွယ်ဝိုက်ရည်ညွှန်းနေတာလား...?
ရှန်ရိကျင်းက public figureတစ်ယောက်မဟုတ်ပေမယ့် သူ့နာမည်ကတော့ လူသိများဆဲပင်။
သူက နှိမ့်နှိမ့်ချချနေတတ်တဲ့ပုံရိပ်ရှိတာမို့ အင်တာနက်မှာ သူ့အကြောင်းဘာအချက်အလက်ကိုမှမရှာနိုင်ပေ။ မီဒီယာတွေကလည်း သူ့ကောလဟာလကိုတစ်ခါမှ ဖွင့်ချခဲ့တာမျိုးမရှိပေ။ ရှဲန်းရှန်ရဲ့ကိုယ်ပိုင် Momentsတောင်မှ ဗလာဖြစ်နေတယ်!
ဒီလိုမျိုး သတိမူမှုအောက်မှာ ကျင်ရွှင်ကလည်း တစ်ဖက်လူရဲ့နှိမ့်ချနေတတ်တဲ့ဘဝစတိုင်လ်ကို လိုက်ပူးပေါင်းပေးတာဖြစ်သည်။ ရှန်ရိကျင်းနဲ့ဆက်စပ်နေတဲ့အချက်အလက်တွေကို သူ့ပတ်ဝန်းကျင်ကလူတွေအား ထုတ်ဖော်ပြဖို့ ဒါမှမဟုတ်မိတ်ဆက်ပေးဖို့ သူတစ်ခါမှမတွေးခဲ့ဖူးပေ...
သူမူးသွားတဲ့နေ့မှာတော့ စီနီယာအစ်မတွေနဲ့စီနီယာအစ်ကိုတွေကြည့်ရတာ သူနဲ့ရှဲန်းရှန်ကြားဘာတွေရှိလဲဆိုတာကို သိပြီးသွားပုံပေါ်သည်။
မည်သို့ပင်ဆိုစေကာမူ တမင်သက်သက်ထုတ်ဖော်ပြတာနဲ့ မတော်တဆသိသွားတာနဲ့ကြားမှာ ကွဲပြားခြားနားချက်ရှိနေဆဲပင်။
...
ဒါပေမယ့် ရှဲန်းရှန်က အဲ့ဒါကိုတင်ဖို့ပြောမှတော့ တင်လိုက်ရုံပေါ့။
သူမတင်နိုင်စရာအကြောင်းမှမရှိတာ။
သို့ပေမယ့် ဘာခေါင်းစဉ်မှမပါဘဲ ဒီတိုင်းပုံတစ်ပုံတင်လိုက်တာက သိပ်မသင့်တော်သလိုပဲ။
......
သူကသင့်တော်တဲ့ခေါင်းစဉ်ကို မစဉ်းစားနိုင်တာကြောင့် ဘာမှထည့်မနေတော့ပေ။
ကျင်ရွှင်ကမဆုတ်မနစ်တဲ့စိတ်ရှိတာမို့ ဒီတိုင်းပဲပုံတွေကိုတိုက်ရိုက်တင်လိုက်သည်။
အဲ့နောက် သူ့Momentsနဲ့ Wechatကနေ ခပ်မြန်မြန်ထွက်လိုက်သည်။ သူကဖုန်းကိုပိတ်လိုက်ပြီး ထပ်မကြည့်ရဲတော့ပေ။
YOU ARE READING
ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}
RomanceTitle - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and English translator. Author- Guan Hongyi, 管红衣 English Translator-Hua(KnoxT) Status in COO- 84 Chapters + 9 extras English translator- KnoxT M...