Chapter 54

13.3K 2.5K 106
                                    

//Zawgyi//

Chapter 54: အစ်ကိုကြီးထန်း + မျက်နှာဖြတ်ရိုက်ခြင်း

ရှေးကျခမ်းနားတဲ့ကော်ရစ်တာထဲရှိ တောက်ပနေသောနန်းတော်မီးအိမ်တွေအောက်မှာ ရှောင်ထန်းက နောက်ဘက်ကလူတွေကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်
“ ဘော့စ် သူတို့ပေါ့ သူတို့ရွှင်ရွှင့်ကို အနိုင်ကျင့်နေကြတာ!”

အသံထွက်ပေါ်လာချိန် ရှန်ရိကျင်းက တစ်ဖက်ကိုလှည့်လိုက်ပြီး သူ့မျက်လုံးတွေက ယန်ကျန်းပေါ်နဲ့အခြားသူတွေဆီ သဘာဝကျကျပင် ကျရောက်သွားသည်။

သူ့ရဲ့ဖွဲ့စည်းပုံက ရှည်လျားကာ သူ့ထံမှအကြည့်က အတန်ငယ်အထက်စီးဆန်သလို ခံစားရစေသည်။ သူ့နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ကာ မတ်မတ်ရပ်နေရင်း ရှန်ရိကျင်းမျက်ဝန်းထဲမှာ ဂရုမစိုက်မှုမှတစ်ပါး အခြားခံစားချက်ရှိမနေပေမယ့် သူကအနည်းငယ် ကြမ်းကြုတ်ရက်စက်မှုကို သယ်ဆောင်ပေးနေသည်။

ပတ်ပတ်လည်ရှိအရာအားလုံး တိတ်ဆိတ်သွားသည်။ အချိန်အကြာကြီး ကုန်ဆုံးသွားသကဲ့သို့ပင်

ယန်ကျန်းပေါ်နဲ့ရှီထိုက်လင်က ဒီလိုအကြာကြီးစိုက်ကြည့်ခံရပြီးနောက် သူတို့အရိုးအဆစ်တွေက တောင့်တင်းလာသလိုခံစားနေရသည်။ သူတို့မလှုပ်ရဲကြပေ။

အထူးသဖြင့် ယန်ကျန်းပေါ်ဖြစ်သည်။ သူ့ကာရိုက်တာက စည်းမျဉ်းကိုမလိုက်နာမလေးစားတဲ့စရိုက်မျိုးဖြစ်ပေမယ့် ရှန်ရိကျင်းရဲ့အထက်ကစီးကြည့်တဲ့အကြည့်ဖြင့် ရင်ဆိုင်လိုက်ရချိန်ဝယ်  သူက ခေါင်းတောင်မလှည့်နိုင်တော့ဘဲ အေးစက်ခက်ထန်တဲ့အကြည့်မှာ ယိမ်းထိုးသွားသလိုပင်။ သူ့လည်ပင်းတစ်ခုလုံးအေးခဲနေသလိုမျိုးပင်။ သူရှင်းပြဖို့ရန် ပါးစပ်ကိုဖွင့်ချင်ပေမယ့် ဘာပြောရမယ်မှန်းမသိပေ။

ရှန်ရိကျင်းရဲ့ ယန်ကျင်ရွှင်အားစကားပြောသံပဲဖြစ်ဖြစ် သူ့ဘေးကလူငယ်လေးရဲ့သဘောထားကပဲဖြစ်ဖြစ် ကိစ္စတွေက ထင်သလောက်မရိုးရှင်းဘူးဟု သူ့အားခံစားရစေသည်။

နေ့တစ်ဝက်လောက် ဒီလိုမျိုးရပ်တန့်နေပြီးနောက် ဒီအချိန်အပိုင်းအခြားအတွင်း ကော်ရစ်တာမှာ ဘာသံမှထွက်ပေါ်လာခြင်းမရှိဆဲပင်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now