Chapter 20

17.8K 2.9K 43
                                    

//Zawgyi//

ရှန်ရိကျင်းရဲ့လက်ဖဝါးက အရမ်းကြီးခြောက်သွေ့နေတာမျိုးမဟုတ်ဘဲ သူ့လက်ဆစ်ကလဲသွယ်လျကာ လက်အရိုးတွေကလဲ ထင်းနေ၏။

ဘယ်ရှုထောင့်ကနေမဆို ပြီးပြည့်စုံကာ လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိတဲ့ လက်တစ်စုံလို့ ပြောလို့ရနိုင်သည်။

ပြီးတော့ အဲ့တာကအရမ်းကိုနွေးထွေးတယ်။

ဆေးရုံထဲက ကော်ရစ်တာမှာ အဆွဲခံလိုက်ရပြီးတဲ့နောက် ကျင်ရွှင်ရဲ့စိတ်က အနည်းငယ်ဗလာဖြစ်သွားသည်။

သူလှမ်းတဲ့ခြေလှမ်းတိုင်းကို မှတ်မိပေမယ့် သူဘယ်လိုအောက်ထပ်ကိုရောက်ပြီး ဆေးရုံကထွက်ကာ ကားထဲရောက်သွားမှန်း မသိလေဘူး။

သူသိတဲ့တစ်ခုတည်းသောအရာကတော့ ကျယ်ပြန့်ကြီးမားတဲ့လက်ဖဝါးထဲမှာ ရောက်ရှိနေတဲ့သူ့ရဲ့လက်တစ်စုံပင်။

ဒီတစ်လမ်းလုံး သူကလက်ဆွဲပြီးအခေါ်ခံခဲ့ရတယ်...

ကျင်ရွှင်တစ်ယောက်သာ အဲ့တာကိုမယုံကြည်နိုင်ဖြစ်နေတာမဟုတ်ဘဲ အရှေ့ဘက်မှာထိုင်နေတဲ့ ဒရိုင်ဘာနဲ့ လက်ထောက်ကျင်းကလဲ တူညီစွာခံစားနေရသည်...ဒီလိုမြင်ကွင်းမျိုးကို မြင်ဖူးတာ သူတို့အတွက် ပထမဆုံးအကြိမ်ပင်။

ဒရိုင်ဘာနဲ့လက်ထောက်ရဲ့အကြည့်အောက်မှာ ကားကဆေးရုံကားပါကင်ကနေ ချောမွေ့စွာထွက်သွားကာ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နားက ရှန်ရိကျင်းပြောခဲ့တဲ့အိမ်ဘက်ကို ကွေ့သွား၏။

ကားက ကျယ်ဝန်းတဲ့မြေအောက်ကားပါကင်ထဲကို တိုက်ရိုက်မောင်းဝင်သွား၏။ ရှန်ရိကျင်းက ဒရိုင်ဘာနဲ့လက်ထောက်ကို ပြန်နားဖို့ပြောပြီးနောက် သဘာဝကျကျပဲ ကျင်ရွှင်ကိုထားထဲကနေ ဆွဲထုတ်လိုက်၏။

သေချာတာပေါ့ ကားပြင်ရောက်တဲ့အချိန်မှာတော့ သူတို့လက်မကိုင်နိုင်ကြတော့ပေ။ မဟုတ်ရင် ကို့ရို့ကားရားဖြစ်နေလိမ့်မယ်။

ကားထဲကထွက်ပြီးနောက် သူတို့ထပ်ပြီးလက်မကိုင်ကြတော့ပေ။

ကြည့်ရတာ...အမှန်တကယ်ကိုလဲ လက်ချင်းထပ်ကိုင်ရမယ့် အကြောင်းအရင်းမှမရှိဘဲ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now