Chapter 82

9.2K 1.6K 100
                                    

//Zawgyi//

Chapter 82 : “အချင်းချင်းရဲ့ရာသက်ပန်ဖြစ်ရပ်ကို အချင်းချင်းပဲ ဆုံးဖြတ်လိုက်တယ်”

_________________

ယနေ့ ကျင်ရွှင်က အသစ်ဝင်လာတဲ့သူတွေကို အင်တာဗျူးရန်သွားသည်။ ရှန်ရိကျင်းမှာ အခြားအလုပ်တွေရှိသေးတာကြောင့် အင်တာဗျူးချိန်အတွင်း သူ့ကိုအဖော်လုပ်ပေးဖို့အဆင်မပြေပေ။

အဲ့လိုဆိုသော်ငြား သူက ရုံးခန်းထဲက ပရိုဂျက်တာမျက်နှာပြင်ကို အထူးတလည်ဖွင့်ထားပြီး အင်တာဗျူးခန်းအား စောင့်ကြည့်ထားမှုကိုဖွင့်လိုက်သည်။

ရှန်ရိကျင်းက လုပ်ထုံးလုပ်နည်းအရ ရှန်အုပ်စုမှပေးပို့လိုက်တဲ့စာရွက်စာတမ်းတွေ အပါအဝင် အလုပ်တွေအားလုံးကိုကိုင်တွယ်နေသည်။ အရာအားလုံးက ပုံမှန်အတိုင်းရှိနေလျက်။

တစ်ခုတည်းသောခြားနားချက်ကတော့ သူက ကိစ္စတွေဟာ အစီအစဉ်အတိုင်းသွားရဲ့လားဆိုတာအား မကြာခဏဆိုသလို ပြသနေတဲ့မျက်နှာပြင်ထက် သေချာအောင် လှမ်းလှမ်းကြည့်နေတတ်သည်။

သို့ပေမဲ့ ထိုဟာက ဘယ်အရာကိုမှမသက်ရောက်ပေ၊ ရှန်ရိကျင်းရဲ့အလုပ်စွမ်းရည်က ဒီနေ့လည်း အလွန်အမင်းမြင့်မားနေဆဲပင်။

ထိုအရာက နေ့လည်ခင်းအားလပ်ချိန်မတိုင်ခင်အထိပင်။

မျက်နှာပြင်ပေါ်ရှိကျင်ရွှင်က ဒီမနက်ရဲ့နောက်ဆုံးဖြေဆိုသူကို စတင်အင်တာဗျူးနေသည်။

အလုပ်မှာနစ်မြုပ်နေတဲ့ရှန်ရိကျင်းက သူ့ခေါင်းကိုရုတ်ခြည်းမော့လိုက်တော့ မျက်နှာပြင်ထက်ရှိလူနှစ်ယောက်က ပွေ့ဖက်ကာခုန်ပေါက်နေတာကိုမြင်လိုက်ရ၏…

………

တံခါးက ရုတ်တရက်တွန်းဖွင့်လိုက်ရသည်။ နိုင်လိုမင်းထက်အာဏာရှင်ကြီး ရှန်ရိကျင်းကိုတစ်ချက်ကြည့်ကာ သူ့နံဘေးရှိကြက်သေ,သေနေသော စီနီယာကိုတစ်ချက်ပြန်ကြည့်လိုက်ပြီး ကျင်ရွှင်ရုတ်ခြည်းအတွေးဝင်လာမိသည် : သူ စီနီယာ့ကို လက်ရှိအခြေအနေအကြောင်းပြောဖို့ အချိန်မရလိုက်ဘူး…!

“ရွှင်ရွှင်” ရှန်ရိကျင်းကြောင့် ခြောက်လှန့်ခံလိုက်ရတာ သိသာနေတဲ့စီနီယာဖေက သူ့အားခေါ်လာကာ

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now