Chapter 61

12.2K 2.2K 168
                                    

//Zawgyi//

Chapter 61 : အချိန်တိုင်း

သေနတ်ပစ်ကွင်းဘေးမှာ သန့်စင်ခန်းတစ်ခုရှိပေမယ့် မြင်းပြိုင်ကွင်းဘေးမှာတော့ ကိုယ်ပိုင်သန့်စင်ခန်းနှင့်အတူ သီးသန့်ခွဲခြားထားသော အဝတ်လဲခန်းလေးတွေရှိတယ်လို့ သူကြားခဲ့သည်။

ဒီလိုအကြောင်းအရာမျိုးကို သန့်စင်ခန်းထဲမှာပြောဖို့က အမှန်ကိုအတန်ငယ်မှားယွင်းနေသလိုပင်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့မြင်းစီးဝတ်စုံလဲရဦးမှာဆိုတော့ ကျင်ရွှင်ကနောက်ဆုံး၌ ရှန်ရိကျင်းနှင့်တူတူ အဝတ်လဲခန်းထဲဝင်သွားလိုက်သည်။

ဒီမှာပဲပြောကြတာပေါ့

အဝတ်လဲခန်းက တစ်ယောက်တည်းအတွက်သာဖြစ်တာမို့ နေရာကသိပ်မကြီးပေ၊ ဒါပေမဲ့ လူနှစ်ယောက်အလိုက်သင့်နေဖို့အတွက်လည်း ပြဿနာမဟုတ်ပေ။

အဝတ်လဲခန်းထဲမှာ လူနှစ်ယောက်သာလျှင်ရှိပြီး တံခါးကနေဝင်ဝင်ပြီးချင်းမှာပဲ ရှန်ရိကျင်းက ကျင်ရွှင့်မျက်နှာကိုထိကိုင်ကာ သူ့အသံကလည်း စိုးရိမ်မှုတွေနှင့်ပြည့်နှက်နေသည် : “ဘာဖြစ်လို့လဲ?”

ကျင်ရွှင်ကလည်း တံခါးဝမှာ မတ်တပ်ရပ်နေတုန်းဖြစ်ကာ သူ့ရဲ့နူးညံ့ညံ့ပါးပြင်က တစ်ဖက်လူကိုမျက်နှာချင်းဆိုင်နေပြီး သူ့ရဲ့မေးချွန်ချွန်ကို မော့ကာ ရှန်ရိကျင်းကို တိတ်တဆိတ်စောင့်ကြည့်နေသည်။

--သိသာရှင်းလင်းစွာပါပဲ သူစိတ်အခြေအနေမကောင်းမှန်း ရှဲန်းရှန်က ထောက်လှမ်းနိုင်ပြီး ဒီဟာကြောင့်ပဟေဠိဖြစ်နေသည်။

သို့ပေမယ့် လျစ်လျူရှုမရနိုင်တာကတော့ အဝတ်လဲခန်းထဲဆွဲခေါ်ခံရတာနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ရှန်ရိကျင်းမခံစားရပေ၊ သူက ကျင်ရွှင့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကိုသာ ပိုပြီးဂရုစိုက်တယ်

……ရှဲန်းရှန်က သူ့ကိုအရမ်းစိတ်ပူနေတာ

ဒါကကျင်ရွှင့်ကိုပိုပြီးသောကရောက်စေတယ် ဘာလို့လဲဆိုတော့ သူကရှန်ရိကျင်းနဲ့ဘယ်လိုဆက်သွယ်ရမယ်မှန်းမသိလို့ပင်။

သူက တစ်ဖက်လူကို ‘ရှဲန်းရှန် ခင်ဗျားကစာအုပ်ထဲမှာ ဗီလိန်အဖြစ်သတ်မှတ်ခံထားရတယ်၊ ဒါကြောင့်မို့ကျေးဇူးပြုပြီးတော့ နာမည်ဖျက်မခံရပါစေနဲ့နော် ဟုတ်ပြီလား?’ လို့သွားပြောလို့မှမရဘဲ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now