Chapter 46

14.9K 2.5K 48
                                    

//Zawgyi//

ကျင်ရွှင်က ကားထဲဝင်လိုက်၏။ ကားက သတ်မှတ်ထားတဲ့လမ်းကနေ မြက်ခင်းပြင်ကိုဖြတ်သန်းကာ လေဆိပ်တစ်လျှောက် ဖြည်းညင်းစွာမောင်းနှင်သွားသည်။

ရှန်ပေါ်ဟန်ကို ဖြတ်သွားချိန် ကျင်ရွှင်က ပြတင်းပေါက်အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။

ဝမ်းနည်းမှုမရှိဘဲ ဦးနှောက်ခြောက်နေမှုသာ ရှိသည်။

ဒီတော့ ဆန်ကုန်မြေလေးgongက လေဆိပ်ကို ဘာလာလုပ်တာလဲ?

ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဆင်းသက်တဲ့နေရာက အထွေထွေပြည်သူ့လေယာဉ်နဲ့ အကွာအဝေးတစ်ခုရှိနေဆဲပင်။ တကယ်လို့ ဘာမှမဖြစ်ဘူးဆိုရင် လေယာဉ်ပြေးလမ်းနားမှာ လူတွေတော်တော်နည်းနည်းလေးပဲရှိလောက်သည်။ ဆန်ကုန်မြေလေးgongက သူ့သူငယ်ချင်းအုပ်စုမပါဘဲ ဒီအချိန်မှာပေါ်လာတာက သူတမင်စောင့်နေတာလို့ ဆိုလိုတာပဲ။

ဒီတော့ မေးခွန်းတစ်ခုရှိလာပြီ

သူကရှန်ရိကျင်းကိုစောင့်နေတာလား? သူ့ကိုစောင့်နေတာလား?

ဒါမှမဟုတ် နှစ်ယောက်လုံးကို စောင့်နေတာလား?

တကယ်တမ်းတော့ ကျင်ရွှင်အစောပိုင်းမှာ ခန့်မှန်းထားခဲ့သလိုမျိုး ဆန်ကုန်မြေလေးgongက သူနဲ့ရှန်ရိကျင်းအကြောင်း သိပြီးသားဖြစ်ရမယ်။

အဆုံးမှာတော့ သူတို့ကSမြို့တော်ကို သွားခဲ့ပြီး သတင်းက ဖြည်းညင်းစွာပျံ့နှံ့နေတယ်ဆိုရင်တောင် ရှန်ပေါ်ဟန်က သိနေသင့်ပြီ။

ဒါပေမယ့် ဆန်ကုန်မြေလေးgongက တမင်သက်သက်လေဆိပ်ကို လာစောင့်နေမယ်လို့တော့ ကျင်ရွှင်ထင်မထားဘူး။

ပြီးတော့ သူပြေးလာလာချင်းမှာ လင်ငယ်နေတာကို ဖမ်းမိသလိုမျိုး, သူ့လေသံက ဘာဖြစ်ချင်နေတာလဲ?

သူက သူ့ကိုစိတ်ဆိုးနေရုံသာဖြစ်ပြီး သူ(ကျင်ရွှင်)က သူ့ဘေးမှာသာရပ်သင့်တယ်ဆိုတဲ့ တစ်ဖက်လူရဲ့တရားသဖြင့် တွေးခေါ်မှုကြီးက...တကယ်ကို ကျင်ရွှင်အား ပြောစရာစကားမဲ့သွားစေသည်။

ခုနကအခြေအနေကို ပြန်တွေးနေရင်းနဲ့ ကားက ဆန်ကုန်မြေလေးgongကို ကျော်သွားနှင့်ပြီးပြီ

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now