Chapter 3

13.5K 2.1K 27
                                    

//Zawgyi//

မနက်ခင်းငါးနာရီမှာ ကျင်ရွှင်ကလမ်းမပေါ်မှာပေါ်လာသည်။

မူလကိုယ်ရဲ့မှတ်ဥာဏ်အရ သူက ကျောင်းကိုရထားစီးပြန်ဖို့ရည်ရွယ်ကာ ရထားဘူတာရှိရာကို လာခဲ့၏။

ဒါကကျင်ရွှင်ရဲ့ပထမဆုံးရထားစီးဖူးခြင်းပင်။

အတိတ်မှာတုန်းက တက္ကသိုလ်ပရိဝုဏ်နဲ့ ဆေးရုံကလွဲပြီး အပြင်လောကကြီးမှာ ကျင်ရွှင်သိတဲ့အရာက မရှိသလောက်ပင်။

--သူကအပြင်ထွက်ခဲသည် ထွက်ဖြစ်ခဲ့ရင်တောင် အမြဲတမ်းကားတစ်စီးက လာကြိုပေးတာပင်။

သေချာတာပေါ့ အဲ့တာကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်ပဲ။

ဒါပေမယ့် တစ်ညတာကျော်လွန်ပြီးနောက်မှာ သူကမူလကိုယ်ရဲ့မှတ်ဥာဏ်တွေကို ဖမ်းဆုပ်နိုင်ခဲ့ပြီး အချို့အချက်အလက်တွေကို ရရှိခဲ့တာကြောင့် သူ ဒီကမ္ဘာနဲ့ပတ်သက်ပြီး နလပိန်းတုံးတစ်ယောက်လို ဖြစ်မနေတာပင်။

အခုသူကူးပြောင်းလာပြီးပြီဆိုမှတော့ သူဒီကမ္ဘာမှာအခြေကျကျနေထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

မနေ့က သူ့ကိုယ်သူရေချိုးခန်းမှန်ထဲမှာ ကြည့်ခဲ့သည်။

သူအံ့သြသွားရတာက မူလကိုယ်ရဲ့အသွင်အပြင်က သူနဲ့အတိအကျကို တူညီနေတာပင်၊ သူ့မျက်လုံးထောင့်က မျက်ရည်ခံမှဲ့တောင်မှ တစ်နေရာတည်းမှာပဲ။

ကွဲပြားခြားနားချက်ဆိုလို့ ဒီကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက သူ့ထက်အများကြီးပိုကောင်းသည်။ ခန္ဓာကိုယ်နဲ့ အသားအရောင်ကလည်း ပိုပြီးကျန်းမာတယ်…သူတစ်ညလုံးတောင် လူးလှိမ့်နေနိုင်ခဲ့တာဆိုတော့ သူက ကောင်းမွန်တဲ့ကိုယ်လုံးကိုယ်ပေါက်ကို ရရှိခဲ့ကြောင်း အရာအားလုံးကသက်သေပြနေသည်။

အခု သူကသံသယရှိစရာမလိုပဲ ယန်ကျင်ရွှင်ဖြစ်နေပြီ။

မနက်ခင်းပိုင်း ဘူတာရုံမှာလူများစွာရှိနေပေမယ့် ပြည့်ကျပ်နေတာမျိုးတော့ မဟုတ်ဘူး။

ကျင်ရွှင်က ထိုင်ဖို့သာမန်ကာလျှံကာ အစွန်အဖျားကျတဲ့နေရာတစ်ခုကို ရှာလိုက်ပေမယ့် သူကအာရုံစိုက်မှုအများစုကို ဆွဲဆောင်နေမိတုန်းပင်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now