Chapter 7

10.7K 1.9K 102
                                    

//Zawgyi//

…လက်ထပ်မယ်!

ဘယ်သူက ဘယ်သူနဲ့လက်ထပ်မှာလဲ?!

ကျင်ရွှင်က သူနားကြားမှားတယ်လို့ထင်လိုက်မိသည်။

ဒါပေမယ့် တစ်ဖက်လူက အမူအရာမဲ့တဲ့မျက်နှာထားနဲ့ ရှိနေသည်။ ချောမောတဲ့ မျက်နှာအစိတ်အပိုင်းတွေနဲ့ တည်ကြည်လေးနက်တဲ့မျက်လုံးတွေက သူနားကြားမှားတာမဟုတ်မှန်း ပြသနေသည်။

ကျင်ရွှင်က အင်တင်တင်ဖြင့်ပြုံးပြလိုက်ကာ:
“ ဒါက…မစ္စတာနောက်နေတာ မလား?”

တစ်ဖက်လူက ပြန်မေးလာသည်
“ မင်းက အဲ့လိုထင်တာပေါ့?”

“……”

တည်ကြည်တဲ့မျက်နှာနဲ့ လူကြီးက သူ့ကိုအပေါ်အောက်စုန်ဆန်စိုက်ကြည့်ကာ ပိုပိုပြီးအေးစက်လာပြီး ပိုပြီးတည်ကြည်လေးနက်လာပုံပေါ်သည်။

တစ်ဖက်လူက ဘာကိုဆိုလိုမှန်း မသိတာကြောင့် ကျင်ရွှင်က ကျည်ဆန်ကို ကိုက်ကာ အမှန်အတိုင်းပြောလိုက်သည်
“ အဓိကအရာကတော့ …ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် သိတာလည်းသိပ်မကြာသေးဘူးလေ…ကောင်းပြီ…ကျွန်တော်တို့သိတာ နှစ်ရက်ပဲရှိသေးတယ်လေ…”

ဒါ့အပြင် ခင်ဗျားဘယ်သူဆိုတာကို ကျွန်တော်မသိသေးဘူးလေ၊ ခင်ဗျားရဲ့နာမည်ကိုရောပဲ။ အဲ့လိုဖြစ်နေတာကို ခင်ဗျားကဘာလို့ လက်ထပ်မယ့်အကြောင်းလာပြောနေရတာလဲ?

နောက်စကားလုံးတွေကို သူပြောဖို့အခွင့်အရေးမရသေးခင်မှာပဲ တစ်ဖက်လူက ပြောလာသည်
“ တိတိကျကျပြောရရင် ကိုယ်တို့တစ်ညပဲတွေ့ဖူးတာပါ”

ကျင်ရွှင် : “…”

“ တနေ့ညကလေ၊ မင်း ကိုယ့်ရဲ့သီးသန့်ခန်းထဲကို ကျူးကျော်ဝင်ရောက်လာတာလေ”

“…” ကျင်ရွှင်ရဲ့မျက်တောင်လေးတွေက တဖျတ်ဖျတ်ခတ်သွားကာ ရုတ်ခြည်းသူအနည်းငယ် ချွေးထွက်လာသလို ခံစားရသည်။ ဒီတစ်ကြိမ်မှာတော့ သူအပြစ်စိတ်ရှိသလိုဖြစ်နေသည်။

“ကိုယ်တို့ တူတူအိပ်ခဲ့ကြတယ်လေ”

“…”

“အဲ့အကြောင်းပြချက်က ကိုယ့်အတွက်လုံလောက်တယ်”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now