Chapter 18

16.5K 2.8K 57
                                    

//Zawgyi//

ဒုတိယသခင်လေးက ဆိုးသွမ်းတဲ့စိတ်ဒေါသရှိမှန်း လူတိုင်းသိကြသည်။

ယန်ကျင်ရွှင်ကြောင့် သူစိတ်မရှုပ်ခင်တုန်းကလဲ သူတို့ယန်ကျင်ရွှင်ကို စကားလုံးတွေနဲ့လှောင်ပြောင်တာကို ခွင့်ပြုပေးထားခဲ့တာလေ ဒီနေ့ကျမှ ဘယ်လိုလုပ်ပြီး…

သူကရိုင်းစိုင်းတဲ့စကားနဲ့ ပေါက်ကွဲလာပြီးနောက်မှာ ဟူရှောင်ဖုန်းနဲ့အခြားသူတွေလဲ ဘာမှထပ်မပြောရဲတော့ပေ။ သို့ပေမယ့် သိသိသာသာကိုပဲ ရှန်ပေါ်ဟန်ကတော့ ရပ်တန့်မယ့်ပုံမရှိပေ။

ဒီတစ်ကြိမ်သူက ဟူရှောင်ဖုန်းနဲ့အခြားသူတွေကိုကြည့်ကာ
“ မင်းတို့ရဲ့စောက်ပါးစပ်တွေက စည်းလေးဘာလေးမထားနိုင်ကြဘူးလား? ဒီနေရာကဘယ်လိုနေရာမျိုးလဲ? မင်းတို့ကဘာလို့ သာမန်ကာလျှံကာနောက်ပြောင်နိုင်ကြတာလဲ? မင်းတို့မှာ စည်းမျဉ်းစည်းကမ်းတွေ ကြီးပြင်းလာရတဲ့တစ်လျှောက် သင်ခဲ့ရတာတွေမရှိကြဘူးလား?!”

“……”

ဆေးရုံထဲမှာ လူတွေကသွားလာနေကြပြီး သူတို့ကဒီတိုင်း တိုက်ရိုက်ပင် ရှန်ပေါ်ဟန်ရဲ့ဆူပူခြင်းကို ခံနေရသည်။ အရေထူတဲ့သူတွေတောင် သည်းမခံနိုင်တာ ဟူရှောင်ဖုန်းဆို ပိုဆိုးပေါ့ သူကအမြဲလိုလို ဒုတိယမျိုးဆက်အသိုင်းအဝိုင်းက သူတွေကိုရဖို့ သူတို့ကိုမှီခိုနေရပြီး သူ့ကိုယ်ပိုင်ဘဝထက် မျက်နှာကိုတန်ဖိုးထားတဲ့အမျိုးသားမျိုးပင်။

ဟူရှောင်ဖုန်းရဲ့မျက်လုံးတွေက ချက်ချင်းနီရဲသွားပြီး သူရှန်ပေါ်ဟန်ကိုမကြည့်ရဲတော့ဘူး။ အခြားသူတွေရဲ့မျက်စိအောက်ကနေလွတ်အောင် အက်ကြားထဲမှာသာ ဝင်ပုန်းချင်စိတ်ပေါက်လာသည်။

သနားစရာကောင်းတာကတော့ ဒုတိယသခင်လေးက သိသာစွာကိုပဲ အားနည်းတဲ့သူကို သနားကြင်နာမှုပြတတ်တဲ့သူမျိုး မဟုတ်ပေ။

သူက အရင်တစ်ခေါက်တုန်းက ကျင်ရွှင်ကိုမကာကွယ်ပေးခဲ့မိတဲ့အတွက် နောင်တရနေခဲ့ပြီး အခုသူ့စိတ်ထဲမှာ ကျင်ရွှင်ရဲ့ဖြူလျော်နေတဲ့မျက်နှာလေးနဲ့ပဲ ပြည့်လို့နေသည်။ သူကတစ်ဖက်လူကို သနားနေပြီဖြစ်တဲ့အတွက် သဘာဝကျကျကိုပဲ အခြားသူတွေ သူ့ကိုအနိုင်ကျင့်နေတာကို သူသည်းမခံနိုင်တော့ပေ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now