Chapter 26

16.6K 2.7K 155
                                    

//Zawgyi//

ရှန်ရိကျင်းရဲ့နှုတ်ခမ်းတွေနဲ့ ဒုတိယအကြိမ်အနမ်းခံရချိန်မှာတော့ အနမ်းရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်အသစ်ကို ကျင်ရွှင်ရရှိသွားတော့သည်။

နမ်းတယ်ဆိုတာက မင်းတို့ရဲ့နှုတ်ခမ်းတွေကို တူတူဖိကပ်ထားရုံနဲ့ရတဲ့ရိုးရှင်းတဲ့ကိစ္စမဟုတ်လေဘူး။

ဒါပေမယ့်…

နမ်းတာက ဒီလောက်တောင်ကြာသွားမယ်လို့ သူထင်မထားဘူး။ အနမ်းတစ်ခုက သူ့ခြေထောက်တွေကို အားနည်းသွားစေလိမ့်မယ်လို့လည်း သူမမျှော်လင့်ထားဘူး။

အဲ့ထက်ပိုတာက …နမ်းပြီးတဲ့နောက် သူချွေးတွေအများကြီးထွက်လိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး။

ဝတ္ထုဆန်တဲ့အထိအတွေ့တွေအပြင် သူ့ရဲ့ခံစားချက်ကို တက်လိုက်ကျလိုက်ဖြစ်စေတဲ့အကြောင်းအရင်းကတော့ …သူ့ကိုနမ်းတဲ့သူက ရှန်ရိကျင်းဖြစ်နေလို့ပဲ!

သူက စာအုပ်ထဲက အထီးကျန်ဘုရင်ကြီးလေ၊ နှစ်တစ်သောင်း စာသင်သား…ထိလို့မရတဲ့ရှန်ရိကျင်းလေ…

သေချာတာပေါ့ ဒါက သူနဲ့Mr.ဗီလိန်ရဲ့ပထမဆုံးအနမ်းမဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ထင်ရှားတဲ့ကွာခြားချက်တစ်ခုရှိနေတယ်။ ရှန်ရိကျင်းက သံသယရှိစရာမလိုအောင်ကို ပုံမှန်အခြေအနေမှာရှိနေတာလေ!

         ……

ဒီသတိရမှုက ကျင်ရွှင်ကို အင်မတန်မှ စိတ်လှုပ်ရှားစေသည်။

နှစ်ကြိမ်နမ်းပြီးတာတောင်မှ သူ ရှန်ရိကျင်းကို ကိုက်မိလုနီးပါးပဲ…

အဲ့နောက်မှာ ကျင်ရွှင်က နီရဲနေတဲ့မျက်နှာနဲ့ အဝတ်သွားလဲလိုက်၏။ သူ့ပါးပြင်ပေါ်က ရှက်သွေးဖြာမှုက အရမ်းကိုသိသာနေကာ သူ့အသက်ရှူရတာလည်း ပိုပိုပြိးခက်ခဲလာပြီး သူ့ခြေထောက်ပေါ်မှာတောင် မတ်မတ်မရပ်နိုင်တော့ပေ။

သူ့ကိုယ်သူ မတ်မတ်ရပ်နိုင်အောင်လုပ်ပြီးနောက် ရှန်ရိကျင်းက သူ့ကိုကျောင်းလိုက်ပို့ပေးဖို့ ကမ်းလှမ်းလာခဲ့သည်။

ဒါပေမယ့် သူ့အားကျောင်းကို တစ်ယောက်တည်းပြန်လွှတ်ရမယ့်အစား သူက တက္ကသိုလ်နားက ကဖေးမှာ မွန်းလွဲလက်ဖက်ရည်သောက်ဖို့ အကြံပေးလာသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now