Chapter 49

12.1K 2.3K 24
                                    

//Zawgyi //

“Oh my god ဒါက အမှန်ပဲလား?”

“စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ အရင်ကဒီမော်ဒယ်လ်ကိုသုံးဖို့ ငါဘာလို့မစဉ်းစားခဲ့မိရတာလဲ?”

“ တကယ်လို့ဒီလိုသာဆိုရင် ဒီAPRမော်ဒယ်လ်ကို တည်ဆောက်နိုင်ရုံတင်မကဘဲ ငါတို့ဖြေရှင်းဖို့ကြိုးစားနေတဲ့ပြဿနာတွေလည်း အဖြေရှိလာပြီမဟုတ်လား”

ဓာတ်ခွဲခန်းထဲမှာ ဆွေးနွေးမှုအများအပြားရှိနေသည်။ သူတို့ရဲ့အလုပ်တွေနဲ့ရှုပ်နေပြီး ဆွေးနွေးမှုမှာ ပါဝင်ဖို့မလာခဲ့တဲ့သူတွေတောင် ရုတ်ရုတ်သဲသဲဖြစ်တာကိုကြားပြီး စုရုံးလာကြသည်။

ကျင်ရွှင်ရေးထားတဲ့ဖော်မြူလာကို ဖတ်ပြီးနောက် အခုလေးတင် ချက်ချင်းအပြေးရောက်လာတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြောလာသည်
“ အိုကေ ရှီကျီပင်း မင်းတကယ်ကြီးကို ထီပေါက်တာပဲ!”

“အိုး မဟုတ်ဘူး မဟုတ်ဘူး” ရှီကျီပင်းက သူ့လက်ကိုလျင်မြန်စွာဝေ့ယမ်းကာ ပြောလိုက်သည်
“ဒါက ငါ့ကြောင့်မဟုတ်ဘူး ဒီလူကြီးမင်း…”

…မနက်က ဓာတ်လှေကားထဲမှာ လက်ထောင်ရှောင်ထန်းက ဒီလူငယ်လေးကို “Mr.”လို့ ခေါ်တာကို သူဝေဖန်ခဲ့မိသည်။

ဒါပေမယ့်အခု ရှီကျီပင်းကိုယ်တိုင်ကလည်း မသိစိတ်အလျောက် သူ့ကိုအဲ့တိုင်းခေါ်မိသွားကာ နည်းနည်းလေးတောင် မဆီလျော်ဟုမခံစားရပေ။

“ လူကြီးမင်း မင်းရဲ့algorithmက အရမ်းကိုပြီးပြည့်စုံတာပဲ!” ရှီကျီပင်းက မနေနိုင်ဘဲ ဖော်မြူလာကို တစ်ကြိမ်ထပ်ဖတ်လိုက်သည်။ “ ဒီပြဿနာက ငါ့ကို အချိန်အတော်ကြာဒုက္ခပေးနေခဲ့တာ ဒါပေမယ့် ဒီနည်းလမ်းကို သုံးလို့ရတယ်လို့ အရင်က တစ်ခါမှမတွေးခဲ့ဖူးဘူး!”

“မဟုတ်ပါဘူး” ကျင်ရွှင်က နားထောင်လိုက်ပေမယ့် သူ့ခေါင်းကိုယမ်းကာ အလေးအနက်ပြောလိုက်သည် : “မင်းတည်ဆောက်ထားတဲ့မော်ဒယ်လ်က ပိုပြီးတော့တောင် အားအင်ရှိပါတယ်…အဲ့ဒါက အံ့အားသင့်စရာပဲ”
“…ဟဟ” ဂုဏ်သတင်းကြီးတဲ့ တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်၊ ဘွဲ့ရပြီးတာနဲ့ ရိဝေ့ကနေ တိုက်ရိုက်အလုပ်ခန့်ခြင်းခံခဲ့ရတဲ့ အရည်အချင်းရှိ ပရိုဂရမ်မာတစ်ယောက်အနေနဲ့ ရှီကျီပင်းက အမြဲတမ်း ချီးကျူးခံခဲ့ရသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now