Chapter 5

11.2K 2K 16
                                    

//Zawgyi//

နေ့လည်ခင်းတစ်ရေးအိပ်ပြီးနောက် ကျင်ရွှင်က ရုတ်တရပ် အိမ်ကနေဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရလိုက်သည်။

ဖုန်းမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ "မေမေ"ဆိုတဲ့စကားလုံးကို ကြည့်နေရင်း ကျင်ရွှင်မင်သက်နေမိသည်။ သူကအခုယန်ကျင်ရွှင်ဖြစ်နေပြီမှန်း သတိရဖို့အချိန်တော်တော်ယူလိုက်ရပြီး ဖုန်းကိုခပ်မြန်မြန်ကိုင်လိုက်သည်။

"...မေမေ?" အနည်းငယ်တောင့်တင်းနေပေမယ့် ကျင်ရွှင်ဖုန်းတော့ဖြေလိုက်သေးသည်။

အနည်းငယ်ဆူညံနေတဲ့နောက်ခံနဲ့အတူ ကျယ်လောင်တဲ့အမျိုးသမီးအသံတစ်ခုက သူ့ကို"အားရွှင်"လို့ ခေါ်လာသည်။ သူမဆေးရုံမှာရှိနေတာမှန်း ကျင်ရွှင်သိသည်။

မူလကိုယ်ရဲ့မွေးရင်းမိဘတွေက သူငယ်ငယ်လေးထဲက ကွာရှင်းခဲ့ပြီး သူ့အမေက သူ့ကိုခေါ်သွားကာ နောက်အိမ်ထောင်ပြုခဲ့သည်။ ကံကောင်းချင်တော့ သူ့ပထွေးက ရိုးသားတဲ့လူတစ်ယောက်ပင်။ နောက်ပိုင်းသူ့မှာ ညီလေးတစ်ယောက်ရှိလာပေမယ့်လည်း မိသားစုက သဟဇာတဖြစ်နေခဲ့ပြီး မိသားစုနောက်ခံကလည်း အစက အဆင်ပြေတယ်လို့ယူဆလို့ရသည်။

ပြောင်းလဲမှုအားလုံးက သူ့ညီလေး သွေးကင်ဆာရှိမှန်းသိခဲ့တဲ့အချိန်မှာ စတင်ခဲ့တာပင်။ သူ့ညီလေးကိုကုသဖို့အတွက် သူ့အမေနဲ့ပထွေးက မိသားစုရဲ့ပိုက်ဆံအားလုံးကိုသုံးခဲ့ရသည်။ တကယ်တမ်းတော့ မူလကိုယ်က သူ့ကိုယ်ပိုင်ကျူရှင်စရိတ်နဲ့ နေထိုင်စရိတ်အတွက်သာ ရှာရတာမဟုတ်ဘဲ တစ်ခါတစ်ရံ သူ့မိသားစုကိုလည်း ထောက်ပံ့ပေးခဲ့သည်။

သူ့အမေက အလွန်ကိုစိတ်ပင်ပန်းနေကာ ဖုန်းထဲကနေလိုရင်းကိုပဲပြောလာသည်
" သားညီလေးက ဆေးကုသဖို့အတွက် နောက်ထပ်ယွမ်10000ထပ်ပေးဖို့လိုတယ်။ အမေတို့ အတူတူ အချို့ကို ခြစ်ကုတ်ပြီးစုလိုက်ပေမယ့် 3000လိုသေးတယ်။ သားမှာ ပိုက်ဆံအပိုလေးဘာလေးနည်းနည်းပါးပါးရှိသေးလားဟင်?"

"ရှိပါတယ်" ကျင်ရွှင်က ပြတ်ပြတ်သားသားပြန်ဖြေလိုက်ကာ မူလကိုယ်ရဲ့ အွန်လိုင်းဘဏ်အကောင့်ကို ဖွင့်လိုက်သည်။ အကောင့်ထဲမှာ ယွမ်4000ကျော်ကျန်သေးသည်။ မူလကိုယ်က ခြိုးခြံချွေတာကာ သူ့ညီလေးအတွက် ပိုက်ဆံကို အထူးတလည်စုဆောင်းထားခဲ့တာဖြစ်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now