Chapter 37

14.1K 2.7K 159
                                    

//Zawgyi//

“မှတ်ထားပါ ယန်ကျင်ရွှင်က မင်းထိသင့်တဲ့သူမဟုတ်ဘူး”

ဒီစကားလုံးတွေထွက်လာပြီးပြီးချင်း တစ်ဖက်ခြမ်းမှရှန်ပေါ်ဟန်က တစ်ဖန်ကြက်သေသေသွားပြန်သည်။

ယန်ကျင်ရွှင်ရဲ့ပြီးခဲ့တဲ့စကားလုံးတွေက သတိလက်လွတ်သူ့အားအရင်အပြုအမူတွေ ပြန်သတိရစေခဲ့ကာ စိတ်အခြေအနေမကောင်းဖြစ်လာသည်။ ရလဒ်အနေနဲ့ သူအရက်တွေအများကြီးသောက်ခဲ့မိသည်။

ရှန်ပေါ်ဟန်ရဲ့စိတ်က လွင့်မျောနေကာ တစ်ဖက်လူကဘယ်သူမှန်း သူမသတ်မှတ်နိုင်ပေမယ့် အဲ့ဒါက တစ်ဖက်လူရဲ့အမိန့်ပေးတဲ့အသံကြောင့် သူ့အားဒေါသထွက်လာစေတာကို မရပ်တန့်နိုင်ပေ

အဲ့ထက်ပိုပြီးဒေါသထွက်ဖို့ကောင်းတာက တစ်ဖက်လူရဲ့အသံကြောင့် သူတစ်ကယ်ကြီးမင်သက်သွားမိတာပင်!

ရှန်ပေါ်ဟန်က ဆက်လက်ပြီးဗလုံးဗထွေးဆက်ပြောသည် :
“မင်းကဘယ်သူလဲ မင်းကများငါ့ကိုဒီလိုပြောရဲတယ်ပေါ့? ငါဘယ်သူလဲဆိုတာမင်းမသိဘူးလား?! မင်း…ယန်ကျင်ရွှင်ကိုဖုန်းပေးလိုက်စမ်း”

ဒါပေမယ့်တစ်ဖက်လူက
“ မင်းအရက်မူးပြေသွားမှ ငါ့ဆီလာခဲ့”

ကြည့်ရတာတစ်ဖက်လူက ဖုန်းချချင်နေပုံပင် ဖုန်းကနေဖြတ်ဝင်လာတဲ့အသံက အရမ်းကိုနိမ့်ဆင်းနေပြီး သူနဲ့ဖုန်းပြောကာ စိတ်အနှောင့်အယှက်အဖြစ်မခံချင်ပုံပင်။

ရှန်ပေါ်ဟန်က လျစ်လျူရှုခံထားရတဲ့ခံစားမှုပြင်းပြင်းကို ခံစားလိုက်ရသည်။

ဒါက သူ့ကိုအရမ်းရင်းနှီးစေတယ်…

ဒါပေမယ့် အဲ့နောက်မှာပဲ လူငယ်လေးပိုင်ဆိုင်တဲ့ ကြည်လင်သောအသံက ထွက်ပေါ်လာသည်--
“ရှဲန်းရှန် ကျွန်တော်စိုနေပြီ…”

? ? ?

ဒါကယန်ကျင်ရွှင်ရဲ့အသံမှန်း ရှန်ပေါ်ဟန်ချက်ချင်းမှတ်မိသွားသည်။

ဒါပေမယ့် အသံကပုံမှန်နဲ့ခြားနားနေကာ ပိုပြီးတော့ချွဲနေသည်။

တစ်ဖက်ခြမ်းမှ ယန်ကျင်ရွှင်ရဲ့အသံက မိန်းမောနေကာ အနည်းငယ်ကလူသံပေါက်နေသည်: “အရမ်းမသက်မသာဖြစ်နေတယ်…”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now