Chapter 13

15.2K 2.5K 94
                                    

//Zawgyi//

“ ငါ့ချစ်သူ ယန်ကျင်ရွှင်။ ကျင်ရွှင် ဒါကဥက္ကဋ္ဌနျဲ့”

ကျင်ရွှင် : “…”

နျဲ့ဇုန် : “? ? ?”

မတိုင်ခင်က သူဘယ်သူလဲမေးတဲ့အချိန် နျဲ့ဇုန်ရဲ့အကြည့်ကို ကျင်ရွှင်က သဘာဝကျကျပဲသတိထားမိသည်။ သူက အလိုအလျောက် ရှိန်ရိကျင်းကို ကြည့်မိသွားကာ မျက်လွှာချပြီး ခေါင်းငုံ့သွားသည်။

အဲ့လိုလုပ်တာက သူနိမ့်ကျတယ်လို့ခံစားရပြီး သူစိမ်းတွေကိုရှက်နေတာကြောင့် မဟုတ်ပေ။ အဓိကက ရှန်ရိကျင်းက သူ့ကိုအခြားသူတွေဆီ ဘယ်လိုမိတ်ဆက်ပေးမလဲဆိုတာကို မသိတာကြောင့်ဖြစ်သည်။

ကိတ်ဆိုင်မှာတုန်းက အစ်မကြီးက “မင်းရဲ့ချစ်သူကောင်လေး” လို့ပြောခဲ့ပေမယ့် လူကြီးက ဘာမှမတုံ့ပြန်ခဲ့တာကို သူမှတ်မိနေသေးသည်။

သူက ခေါင်းကိုငုံ့ထားကာ သူတို့ကိုအာရုံစိုက်မနေတော့ဘူး။ ရှန်ရိကျင်းက အခြားသူတွေဆီ သူ့ကိုဘယ်လိုမိတ်ဆက်ပါစေ ကိစ္စမရှိပါဘူး။

ဒါပေမယ့် အစ်ကိုကြီးက ဒီလိုပြောလာမယ်လို့ကျင်ရွှင်တစ်ခါမှ တွေးမထားဖူး..သူက တကယ်ကြီးသူ့ကိုခေါ်လိုက်တယ်…

ချစ်သူလို့လေ…ချစ်သူ?!

သူငယ်ချင်း..ကောင်လေး…သတို့သားလောင်း…
အဲ့တာတွေအားလုံးအဆင်ပြေတယ်။
အားလုံးက ကျိုးကြောင်းဆီလျော်ပြီး ဘာအနှောင့်အယှက်မှမရှိဘူး။

ဒါပေမယ့် ဘယ်လိုလုပ်ပြီး ချစ်သူဆိုတဲ့စကားလုံးကို သူပြောထွက်တာလဲ? !

ကျင်ရွှင်က အဲ့အချိန်မှာ အနည်းငယ်အသိစိတ်ပျောက်သွားပေမယ့် အတန်အသင့်တည်ငြိမ်နေတုန်းပင်။

သူနဲ့ယှဉ်မယ်ဆိုရင် နျဲ့ဇုန်ကမှ သိသိသာသာကို ထိတ်လန့်သွားတာ။

…ခေါင်းကြောမာတဲ့ရွှေရောင်လုလင်ပျိုတစ်ယောက်က ရုတ်တရပ်ကြီး သူ့မှာချစ်သူတစ်ယောက်ရှိတယ်လို့ မင်းကိုပြောလာတယ်။ အထူးသဖြင့် ဒီရှန်ဇုန်က မကောင်းသတင်းနဲ့အေးတိအေးစက်ဖြစ်တယ်လို့ ကျော်ကြားတဲ့သူလေ!

လူငယ်လေးရဲ့အဝတ်တွေကို ကြည့်မယ်ဆိုရင် ဒါကရှန်မိသားစုကစီစဉ်တဲ့လက်ထပ်ပွဲမဟုတ်မှန်း သိသာသည်…

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now