Chapter 43

15.5K 2.6K 106
                                    

//Zawgyi//

ရှဲန်းရှန်ကြည့်ရတာဒေါသထွက်နေသလိုပဲ။

ဒါပေမယ့် သူ့မတော်တဆက တစ်ဖက်လူကိုဒေါသထွက်စေတာလား ဒါမှမဟုတ် သူကနာတာကိုမငိုလို့များလားဆိုတာကိုတော့ ကျင်ရွှင်မပြောနိုင်ပေ။

သူကခေါင်းကိုအနည်းငယ်စောင်းကာ သူ့လည်ပင်းကိုတုန်ယင်စွာမော့လိုက်ပြီး ရှန်ရိကျင်းအားကြည့်ကာ ချစ်စရာကောင်းအောင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်:
“ …ကျွန်တော် Cကိုရွေးလို့ရမလား?”

သို့ပေမယ့် mengရောင်းတာက အချည်းနှီးပင်။

[Selling meng-ချစ်စရာကောင်းအောင်လုပ်တာ]

တစ်ဖက်လူက သူ့ခါးပတ်ကိုဖြည်းဖြည်းချင်းဖြည်လာသည်။

ညအခါမှာ တောင်ကအရမ်းတိတ်ဆိတ်လွန်းလှတယ်။

ပုစဉ်းရင်ကွဲတွေနဲ့ ပုရစ်တွေရဲ့အော်သံတစ်ခုသာရှိနေပြီး ပြတင်းပေါက်တွေကို တင်းနေအောင်ပိတ်ထားတာမို့ အတွင်းဘက်ကသူတို့က အဲ့အော်သံတွေကိုမကြားရပေ။ ဒါ့အပြင် အခန်းက ကျယ်ဝန်းတာကြောင့် ကျင်ရွှင်က သူ့နားရွက်ဘေးက အဝတ်အထည်ရဲ့တရှပ်ရှပ်မြည်သံကိုသာကြားနေရသည်။

ကျင်ရွှင်က သူ့ခေါင်းကိုခေါင်းအုံးထဲ လုံးဝအတိမြှုပ်ထားကာ မလှုပ်ရဲပေ။

သူ့ခါးပေါ်က အေးစက်မှုတစ်စွန်းတစ်စကို ခံစားလိုက်ရတော့ သူ့အာရုံကိုပြောင်းဖို့ရန် တစ်စုံတစ်ခုပြောဖို့ကြိုးစားလိုက်သည်: “ရှဲန်းရှန် တကယ်ပဲဘာမှမဖြစ်ပါဘူး…ဘယ်သူကရော ချော်မလဲဖူးလို့လဲ တကယ်ကိုဘာမှမဖြစ်ပါဘူးဗျာ”

ဒါပေမယ့် သိသာစွာကိုပဲရှန်ရိကျင်းကအဲ့လိုမတွေးပေ၊ ဘာလို့လဲဆိုတော့ သူ့လက်လှုပ်ရှားမှုတွေက ပိုလို့တောင်လျင်မြန်သွက်လက်လာတာကြောင့်ပင်။

“……”

ပွတ်တိုက်နေတဲ့အသံကရပ်တန့်သွားပြီး သူ့ကိုယ်အောက်ပိုင်းမှာ အအေးဓာတ်ကပိုလာသည်။ ရှန်ရိကျင်းပြောလာတာအား ကျင်ရွှင်ကြားလိုက်ရသည် : “ရှောင်ရွှင် ဒီနေရာကိုထိသွားတာပဲ”

သူ့လက်ချောင်းတွေက ဒဏ်ရာရနေတဲ့နေရာကို ခပ်သာသာလေးဖိကာပွတ်သပ်လိုက်သည်။ ကျင်ရွှင်က  မသိစိတ်အလျောက်တွန့်သွားကာ ခေါင်းအုံးကိုတင်းကျပ်စွာဆုပ်ကိုင်ထားရင်းပြောလိုက်သည်
“အိုး”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now