Chapter 13✰Edited

7.3K 754 14
                                    

Unicode

Chapter 13: သူစာရင်းထဲက ထွက်သွားပုံပဲ

“ ငါ့ချစ်သူ ယန်ကျင်ရွှင်။ ကျင်ရွှင် ဒါကဥက္ကဋ္ဌနျဲ့”

ကျင်ရွှင် : “…”

နျဲ့ဇုန် : “? ? ?”

မတိုင်မီက သူဘယ်သူလဲမေးတဲ့အချိန် နျဲ့ဇုန်၏အကြည့်ကို ကျင်ရွှင်က သဘာဝကျစွာပင် သတိပြုမိခဲ့သည်။ သူက အလိုအလျောက် ရှိန်ရိကျင်းကို ကြည့်မိသွားကာ မျက်လွှာချပြီး ခေါင်းငုံ့လိုက်မိသည်။

ယင်းက သူနိမ့်ကျတယ်လို့ခံစားရပြီး သူစိမ်းတွေကို မျက်နှာချင်းဆိုင်ရမှာအား ရှက်တာကြောင့် မဟုတ်ပေ။ အဓိကကတော့ ရှန်ရိကျင်းက သူ့ကိုအခြားသူတွေအား မည်သို့မိတ်ဆက်ပေးမလဲဆိုတာကို မသိတာကြောင့်ဖြစ်သည်။

ကိတ်ဆိုင်မှ အစ်မကြီးက “မင်းရဲ့ချစ်သူကောင်လေး” လို့ပြောခဲ့ပေမဲ့ ထိုသူက မတုံ့ပြန်ခဲ့တာကို သူမှတ်မိနေသေး၏။

သူ့ခေါင်းကိုငုံ့လိုက်ပြီး သူတို့ကိုအာရုံစိုက်မနေခဲ့တော့ပေ။ ရှန်ရိကျင်းက အခြားသူတွေထံ သူ့ကိုဘယ်လိုမိတ်ဆက်ပါစေ ကိစ္စမရှိချေ။

သို့ပေသိ တာ့ကောက စကားပြောလိုက်တဲ့အချိန် သူ့ကိုတကယ်ကြီးအဲ့လိုခေါ်လိမ့်မယ်လို့ ကျင်ရွှင်လုံးဝမထင်မှတ်ထားပေ...

ချစ်သူလို့လေ…ချစ်သူ?!

သူငယ်ချင်း..ကောင်လေး…သတို့သားလောင်း…

အဲ့ဒါတွေအားလုံးအဆင်ပြေသည်။

အားလုံးက ကျိုးကြောင်းဆီလျော်ပြီး နားကလောစရာမျိုးမရှိချေ။

သို့ပေမဲ့ ဘယ်လိုလုပ်ပြီး ချစ်သူဆိုတဲ့စကားလုံးကို သူပြောထွက်တာလဲ? !

ကျင်ရွှင်လည်း အဲ့အချိန်မှာ အနည်းငယ်အသိစိတ်ပျောက်သွားပေမဲ့ အတန်အသင့်တည်ငြိမ်နေဆဲပင်။

သူနဲ့ယှဉ်မယ်ဆိုရင် နျဲ့ဇုန်ကမှ သိသိသာသာကို ထိတ်လန့်သွားတာ။

…ခေါင်းမာသည့်ရွှေအဆင့်စာသင်သားတစ်ယောက်က ရုတ်တရက်ကြီး သူ့မှာချစ်သူတစ်ယောက်ရှိတယ်လို့ မင်းကိုပြောလာသည်လေ။ အထူးသဖြင့် ဒီရှန်ဇုန်က အေးတိအေးစက်ဖြစ်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူလေ!

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now