Chapter 6✰Edited

11.4K 1.3K 56
                                    

Unicode

Chapter 6 : လက်ထပ်မဲ့အကြောင်းပြောကြမယ်

ခန်းမထဲမှာ ဖော်မြူလာက တစ်ကြောင်းချင်းစီစာရင်းပြုခံထားရပြီး ကျင်ရွှင့်လက်ရေးက သေသပ်ကာလှပလို့နေသည်။

ပထမဆုံးအကြည့်တစ်ချက်နဲ့တင် ၎င်းက စံထားရတဲ့လက်ရေးဆက်လက်ရေးနဲ့တူကာ သူကမရေးခင် စဉ်းစားဖို့တောင် လုံးဝမလိုအပ်ဘဲ ချောချောမွေ့မွေ့ရေးနေသလိုပင်။

သို့ရာတွင် တကယ်တမ်းတော့ ကျင်ရွှင်ရေးလိုက်တာတွေက လက်ရှိလူတွေအား ထပ်မံရှော့ခ်ရသွားစေပြန်၏။

အစမှာတုန်းက ကျင်ရွှင်က မသိစိတ်အလျောက် အချို့အဆင့်အနည်းငယ်ကို ချန်ထားခဲ့တာကြောင့် အဲ့ဒါကအတော်အသင့်ရိုးရှင်းကာ နားလည်လွယ်သည်။

နောက်ပိုင်း သူရေးတာတွေက  ပိုပိုပြီးရှုပ်ထွေးကာလေးနက်လာသည်၊ ဖော်မြူလာကိုကြည့်ရင်းနဲ့ ဖြစ်စဉ်ကို ရိုးရိုးရှင်းရှင်းနားလည်ရန် လူအများအပြားအတွက်ခက်ခဲလာသည်။

ထန်းကျင့်ယွမ်က မနေနိုင်တော့ဘဲ သူ့ခေါင်းရဲ့နောက်ဘက်ကို ထိကိုင်ကာ
“ ဘာတွေဖြစ်သွားတာလဲ? ငါအစကတော့ နားလည်သေးတယ် ဒါပေမဲ့ တတိယမြောက်စာကြောင်းကနေစပြီး ငါဘာမှမသိတော့ဘူး…”

ယန်ယိလည်းပဲ ပြောစရာစကားမဲ့နေသည်။
“ ဒါဆို မင်းကမှငါ့ထက်ပိုကောင်းသေးတယ်။ ငါကဒုတိယမြောက်စာကြောင်းကနေ နားမလည်တော့တာ”

သူတို့နှစ်ဦးနဲ့တူညီစွာခံစားနေရတဲ့ လူအများကြီးရှိလေသည်။ နောက်ပိုင်းမှာ သူ့အတွေးအခေါ်တွေကို ဆက်ထိန်းထားနိုင်တဲ့ ပရော်ဖက်ဆာဟို့ကလွဲလို့ အတွက်အချက်စွမ်းရည်ကျွမ်းကျင်တဲ့သူတွေတောင်မှ သူ့အတွေးအခေါ်တွေကို အမီလိုက်မနိုင်တော့ပေ။

သိပ်မကြာခင်မှာပဲ ကျင်ရွှင်က ဖော်မြူလာအားလုံးကို ရေးလို့ပြီးသွားခဲ့ပြီ။

သူ့ဘာသာသူ ပြန်စစ်လိုက်ပြီး ဘာပြဿနာမှမရှိတော့ဘူးလို့ ခံစားရကာ သူ့အတွေးတွေအားလုံးကို ပြီးပြည့်စုံစွာဖော်ပြလို့ပြီးခဲ့လေပြီ။ အဲ့နောက် ကျင်ရွှင်က အခြားသူတွေအားပြလိုက်ကာ
“ ဒါက ယေဘုယျဖြစ်စဉ်ပါ။ ဒီပုံစံငယ်ကို ဒီalgorithmမှာ သုံးလို့ရနိုင်ပါတယ်”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now