Chapter 76

10.6K 1.7K 36
                                    

//Zawgyi//

Chapter 76 : စိတ်ခံစားမှုများထုတ်ပြခြင်း ၊ ပညာရှင်က ယန်ကျင်ရွှင်ပဲ
_________________

နောက်တစ်နေ့ကျင်ရွှင်မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ မယုံနိုင်လောက်အောင်ပဲ အရုဏ်တက်ချိန်ရောက်နေကြောင်းတွေ့ရှိသွားသည်။ ရှန်ရိကျင်းက သူ့ဘေးမှာလဲလျောင်းနေရင်း မျက်လုံးပိတ်လျက်အိပ်ပျော်နေသည်။

တိုးညင်းညင်းသူ့အသက်ရှူသံကနေ ရှဲန်းရှန်ကအမှန်ကို မနိုးသေးမှန်း ပြောနိုင်သည်။

ကျင်ရွှင်အချိန်ကို တစ်ချက်လှမ်းကြည့်လိုက်တော့ မနက်ရှစ်နာရီတောင်ထိုးတော့မယ်!

ဒီအရာက စံတော်ချိန်နာရီထက်တောင် ပိုတိကျတဲ့ကိုယ်တွင်းနာရီဖြင့် နှစ်ပေါင်းများစွာဖြတ်သန်းခဲ့သူတစ်ယောက်ထံမှာ ဖြစ်လာတယ်ဆိုတာ မယုံကြည်နိုင်စရာပဲ!

မနေ့ညက သူတို့တွေနောက်ကျတဲ့အထိကြယ်ကြွေတာကြည့်နေခဲ့တာကြောင့် ရှဲန်းရှန်ကအခုထိတောင်အိပ်ပျော်နေသေးတာများလား...?

ကျင်ရွှင်မလှုပ်ရဲတော့ဘူး။

ဒီနေ့ကပိတ်ရက်ဖြစ်တဲ့အပြင် ဝန်ထမ်းအများစုကလည်း မနက်စောစောထပြီး ကုမ္ပဏီကိုသွားစရာမလိုတာကြောင့် ရှားရှားပါးပါးသူတို့အတွက်အားလပ်ရက်ပင်။

သူရှန်ရိကျင်းကို မနိုးစေချင်ဘူး။ သာမန်လူတွေအတွက် မနက်စောစောထဖို့ ခက်ခဲပေမဲ့ ဖီလာအားဖြင့် ရှန်ရိကျင်းအတွက်ကတော့ နောက်ကျမှထဖို့ခက်ခဲသည်။

တစ်ဖက်လူရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးကို နီးနီးကပ်ကပ်မြင်နေရရင်း ကျင်ရွှင်က သူ့ကိုမနှိုးရက်နိုင်ပေ။

သို့သော်ရှက်ဖို့ကောင်းတာကတော့ သူက ရှဲန်းရှန်ရဲ့ကိုယ်ပေါ်မှာ ခြေထောက်တစ်ဖက်တင်ထားတုန်းပဲ။

...သူတို့ဆက်ဆံရေးပိုပြီးနီးစပ်လာကတည်းက သူ့ရဲ့အိပ်တဲ့ပုံစံက ပိုပိုပြီးထိန်းချုပ်မရဖြစ်လာမှန်း ကျင်ရွှင်သိသည်။

အတိတ်မှာတုန်းက သူအိပ်နေတဲ့အချိန် သူ့ကိုယ်သူထိန်းချုပ်ထားခဲ့ပေမဲ့ မကြာသေးခင်က သူနိုးလာတဲ့အချိန်တိုင်း သူကရှန်ရိကျင်းလက်မောင်းတွေကြားမှာ လဲလျောင်းလုနီးနီးကိုဖြစ်နေကာ ပေါင်တစ်ဖက်က တစ်ဖက်လူရဲ့ကိုယ်ပေါ်ဖိပြီး ခွထားတယ်...

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now