Extra 1.3: Later Story 3

7.3K 1.3K 3
                                    

//Zawgyi//

Extra 1.3 :  Later Story 3

____________________

အကြိမ်ရေအချို့လောက် လူးလှိမ့်လှုပ်ရှားပြီးနောက် ကျင်ရွှင်ရေချိုးခန်းထဲမှထွက်လာချိန် မနက်တစ်နာရီတောင်ရှိနေလေပြီ။

အချိန်တွေဘာလို့ဒီလောက်မြန်မြန်ကုန်ဆုံးသွားတာလဲဆိုတာ သူသိချင်မိ၏။

ကြည့်ရတာတကယ်ပဲ သူရေချိုးခန်းထဲမှာ အချိန်အကြာကြီးယူခဲ့လို့ဖြစ်နိုင်တာပဲ…

အတော်လေးနောက်ကျနေပြီး ကျင်ရွှင်အိပ်ငိုက်နေလေပြီ။

ဒီအချိန်အတောအတွင်း ရှန်ရိကျင်းကြည့်ရတာတစ်ခုခုလုပ်စရာရှိနေသလိုပဲ။

သူက အပြင်ခန်းထဲမှာ ကွန်ပျူတာကို ဟိုဟိုသည်သည်ကလိနေပြီး သန့်ရှင်းတဲ့အဝတ်အစားတွေလဲထားခြင်းခံရတဲ့ကျင်ရွှင်ကတော့ လှုပ်ရှားဖို့ရန်အားတစ်စက်မှမရှိဘဲ အတွင်းဘက်အိပ်ရာပေါ်မှာ ပုံလျက်သားနေရာချခံထားရသည်…မျက်လုံးဖွင့်ဖို့တောင်အားမရှိတော့ဘဲ ဒီလိုမျိုးအိပ်ပျော်သွားလုနီးနီးပဲ။

ရှန်ရိကျင်းပြန်ရောက်လာချိန် သူကျင်ရွှင့်ကိုထပ်ပြီးမလှုပ်ရှားခိုင်းရက်တော့ပေ။

တစ်ခဏတာဆွေးနွေးပြီးနောက် နှစ်ဦးသားဟာ ဒီညတော့ရုံးခန်းနဲ့ပဲနှစ်ပါးသွားရန် ဆုံးဖြတ်လိုက်ကြ၏။

အတွင်းခန်းထဲရှိ အိပ်ရာအသေးလေးက လူတစ်ယောက်အတွက်ဖြစ်သည်။ နှစ်ယောက်အတွက်ဆို အနည်းငယ်တော့ကျပ်၏။

အဲ့ထက်ပိုတာက နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသားအမျိုးသားတွေ။

သို့ပေမဲ့ ကံကောင်းစွာနဲ့ သူတို့နှစ်ယောက်လုံးက ပိန်သွယ်တာမို့ ဘေးတစ်စောင်းလဲလျောင်းလိုက်ချိန် နေရာအသေးလေးအနည်းငယ်ကျန်နေသေးသည်။

ရှန်ရိကျင်းက ကျင်ရွှင့်ကိုအနောက်ကနေသိုင်းဖက်ထားပြီး ကျင်ရွှင်က သဘာဝကျကျပင် တစ်ဖက်လူရဲ့လက်မောင်းပေါ် ကိုယ်တစ်ဝက်မှီလိုက်ရင်း မိန်းမောစွာဖြင့်မေးလိုက်သည် : “ရှဲန်းရှန် ခင်ဗျားခုနကဘာလုပ်နေတာလဲ”

ရှန်ရိကျင်း : “စောင့်ကြည့်ဗီဒီယိုကိုဖျက်နေတာ”

ကျင်ရွှင် : “……”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now