Chapter 21.2

16.4K 2.8K 53
                                    

//Zawgyi//

ကျင်ရွှင်က လူအုပ်ကြားထဲကိုအပြေးလေးသွားကာ ရှန်ရိကျင်းဘေးနားအပြေးလေးရပ်လိုက်ပြီး သူ့အမေကိုပြောလိုက်၏
" မေမေ နောက်ကျနေပြီလေ၊ အရေးပေါ်ယာဉ်ကလဲအပြင်မှာစောင့်နေပြီ။ တတ်နိုင်သလောက်မြန်မြန်လေး ရွှေ့ပြောင်းတဲ့ဖြစ်စဉ်ကို လုပ်ကြရအောင်"

ဒါကအရေးကြီးတဲ့ကိစ္စလေ!

Ms.လျိုက ဦးစားပေးရမယ့်ကိစ္စတွေကို ရှင်းလင်းစွာသိတာမို့ အဲ့ကိစ္စအကြောင်းကို ထပ်မဆွေးနွေးတော့ဘဲ ချက်ချင်းလုပ်ဆောင်ရမှာကို သွားလုပ်လိုက်၏။

သူ့အမေနဲ့လမ်းလျှောက်နေရင်း ကျင်ရွှင်က ခေါင်းကိုလှည့်ကာ ရှန်ရိကျင်းကို ငေးကြည့်လိုက်သည် : ကြည့်လေ၊ အဲ့အန်တီကြီးတွေက အဲ့လိုတွေချည်းပဲ၊ အဲ့တာကြောင့်မို့ စိတ်ထဲထည့်မထားနဲ့။

ရှန်ရိကျင်းက သူ့ကိုတစ်မူထူးဆန်းတဲ့အကြည့်တစ်ခုပေးနေတဲ့ ကျင်ရွှင်ကိုကြည့်လိုက်သည်။ မူလက တင်းတင်းစေ့နေတဲ့သူ့နှုတ်ခမ်းထောင့်တွေက အမှန်တကယ်ကို အနည်းငယ်ကော့သွားကာ မရင်းနှီးတဲ့အကွေးလေးတစ်ခုကို လှစ်ဟပြလာပုံပင်။

လိန်ထျန်းဟော်ကို ဆေးရုံဆီအောင်အောင်မြင်မြင်ပြောင်းရွှေ့လိုက်ပြီး ဒီကပြဿနာတွေကို ဖြေရှင်းပြီနောက် ရှန်ရိကျင်းက ကျင်ရွှင်ကိုမေးလာသည်
" ရှောင်ရွှင်ရဲ့နောက်အစီအစဉ်က ဘာလဲ?"

ကျင်ရွှင်လဲအဲ့တာကို အလေးအနက်တွေးတောနေတာပင်။

ဒီနေ့က စနေနေ့ဆိုတော့ ကျောင်းမှာ အတန်းတက်စရာလဲမရှိသလို စာမေးပွဲလဲမရှိဘူး။ သုတေသနပရောဂျက်အနေနဲ့ကလဲ သူတို့အုပ်စုက ဒီပိတ်ရက်နားရက်ရသည်။ အခြားဘာမှလုပ်စရာမရှိတော့ပုံပင်။

ဒါကြောင့်ကျင်ရွှင်ကပြောလိုက်သည် " ကျွန်တော် အဆောင်ကိုပဲပြန်မယ်"

သူ့ရဲ့တစ်ခုတည်းသောကျန်နေတဲ့အလုပ်က သူမတိုင်ခင်က လက်ခံထားတဲ့သီးသန့်အလုပ်ပင်။ မနေ့က သူ့မိသားစုကိစ္စတွေကြောင့် ဒီနေ့သူလုပ်ဆောင်ချက်တွေကို အမှီလိုက်လုပ်ရမယ်...

ထင်မှတ်မထားစွာပဲ ရှန်ရိကျင်းကရုတ်တရပ်ကြီးပြောလာသည်
"ဒီနေ့က ပိတ်ရက်လေ"

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now