Chapter 17

15.8K 2.8K 22
                                    

//Zawgyi//

[ ကျင်ရွှင် : ကျွန်တော်ကြားတာတော့ Mrရဲ့ကုမ္ပဏီက ရွှေတံဆိပ်ဆုကိုရခဲ့တယ်ဆို Congratulationsပါနော်!]

[Mr : အင်း]

[ ကျင်ရွှင် : Mr.ဆုလက်ခံယူဖို့ မသွားဘူးလား? လူတိုင်းက ခင်ဗျားဘယ်လိုပုံလဲဆိုတာကို သိချင်နေကြတယ်]

[Mr : ပရောဂျက်မှာ အဓိကဖန်တီးသူတွေနဲ့ R&Dဝန်ထမ်းတွေရှိတယ်။ သူတို့တက်ယူလိမ့်မယ်]

တကယ်ကိုပဲMr.ကနှိမ့်ချနေတတ်တဲ့သူတစ်ယောက်ပဲ။

WeChatကနေ နှစ်ရက်ကြာစကားပြောပြီးနောက် ကျင်ရွှင်က အချို့သောစည်းမျဉ်းတွေကို တွေ့ရှိခဲ့သည်။ ယေဘုယျအားဖြင့် ရှန်ရိကျင်းက သူ့ကိုစာနည်းနည်းပဲပို့တယ်ဆိုရင် အထူးသဖြင့်လိုရင်းတိုရှင်းပဲပို့တာဆိုရင် ဆိုလိုတာက တစ်ဖက်လူက အလုပ်များနေပြီး ပြန်ဖြေဖို့အဆင်မပြေသေးလို့ပင်။

ကျင်ရွှင်က စိတ်ထဲမထားပေ။ သူအလုပ်ရှုပ်လာတဲ့အခါကျရင်လဲ ကိစ္စတွေကိုမေ့သွားတတ်တာကြောင့် ဘယ်တော့မှတစ်ဖက်လူကို ဘာမှမမေးဘဲ အရမ်းကိုပုံမှန်လိုပဲစကားပြောခဲ့သည်။

နားချိန်ကုန်ခါနီးပြီဆိုတာကိုတွေ့တော့ ကျင်ရွှင်စာမပြန်ပေမယ့် ရှန်ရိကျင်းက သူ့ကိုစာပို့လာသည် :
[ကိုယ် လေယာဉ်စီးရတော့မယ်]

[ အိုး..အိုး..ခင်ဗျား နိုင်ငံFကိုသွားမှာလား?]

ကျင်ရွှင်က တစ်ဖက်လူမသွားခင် သူ့ကိုပြောသွားတဲ့အချိန်ဇယားကို သတိရသွားသည်။
[ အင်း..ကိုယ်သုံးရက်အတွင်း ပြန်လာခဲ့မယ်]

ဟုတ်ကဲ့ Mr.

စကားလုံးအနည်းငယ်ရိုက်ပြီးနောက် သူမပို့ရသေးခင်မှာပဲ ကျင်ရွှင်ရဲ့ဖုန်းမျက်နှာပြင်ကလင်းလက်လာကာ သူ့“မေမေ”က သူ့ကိုဖုန်းခေါ်လာသည်။

“ ဟယ်လို မေမေ ” သူဖုန်းဖြေလိုက်သည်။

မကြာခင်မှာပဲ ကျင်ရွှင်က ဆေးရုံကိုအပြေးအလွှားသွားရတော့သည်။

မူလကိုယ်ရဲ့ညီလေးအခြေအနေက အချိန်တိုင်းတည်ငြိမ်နေတာ မဟုတ်ပင်။ အထူးသဖြင့် ကုသမှုအတွက် ငွေမလုံလောက်တဲ့အခါမှာပေါ့။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now