Chapter 78

9K 1.6K 23
                                    

//Zawgyi//

Chapter 78 : အကြွင်းမဲ့ကာကွယ်ပေးသူ

_________

{Friendly Reminder - ဒီအပိုင်းကစလို့၊ နောက်အပိုင်းတွေရော သေသေချာချာ ဖြည်းဖြည်းအေးအေးဖတ်ကြည့်​ကြပါ}

သူတစ်ဖန်ပြန်နိုးလာချိန် ဘေးပတ်လည်ရှိအရာအားလုံးက မှောင်မဲနေဆဲပင်။

ကျင်ရွှင်က နွေးထွေးတဲ့စောင်အောက်မှာ လူးလှိမ့်လိုက်ပြီး သူ့နံဘေးရှိလူက နေရာမှာမရှိတာကိုတွေ့သွားတဲ့အတွက် မအံ့သြပေမဲ့ မိုးခြိမ်းသံကြီးပေါက်ကွဲထွက်လာတာကိုကြားလိုက်ရချိန်မှာတော့  လန့်ဖျပ်ကာ သူ့မျက်လုံးတွေကိုချက်ချင်းသလို ပွင့်သွားစေသည်။

-နေထွက်နေပြီ

ဒါပေမဲ့ မိုးရွာပြီး အပြင်မှာတိမ်တွေအုံ့မှိုင်းနေ၏။

မိုးရွာတဲ့ရာသီဥတုကြောင့်လားတော့သူမသိပေမဲ့ တစ်ခန်းလုံးက သူ့အားအေးစက်စက်ခံစားရစေသည်။

ကျင်ရွှင်က ဒီအရာနဲ့စိတ်အနှောင့်အယှက်အဖြစ်မခံနိုင်ပေ။ သူအိပ်ရာကနေလူးလှိမ့်ဆင်းလိုက်ပြီး အနည်းဆုံးဆယ်မီတာအကွာမှာ ရှန်ရိကျင်းရဲ့ပုံရိပ်ကိုတွေ့လိုက်ရသည်။

မနက်တိုင်6း:30မှာ ရှန်ရိကျင်းကသူ့မျက်လုံးတွေကိုဖွင့်ကာ အချိန်မှန်အိပ်ရာထလေ့ရှိသည်။

အခုက မနက်6:08ပဲရှိသေးပေမဲ့ ရှဲန်းရှန်ကသေသေသပ်သပ်ဝတ်စားပြီး ပြတင်းပေါက်ရှေ့မှာမတ်တပ်ရပ်နေပြီ။

အခန်းထဲမှာ အလင်းရောင်တို့ရှိမနေ။ ခေတ်ဟောင်းစတိုင်အကွေးပုံစံပြတင်းပေါက်ဘောင်အပြင်ဘက်မှာတော့ တိမ်ထူတဲ့ကောင်းကင်ကြီးရှိနေကာ မိုးဖွဲဖွဲလေးကျဆင်းနေသည်။

အခုလေးတင် လျှပ်စီးကြောင်းရိုက်ခတ်ခံလိုက်ရတဲ့ကောင်းကင်က မှုန်မှိုင်းတဲ့ခရမ်းရောင် အရောင်အသွေးတို့ဖြင့် ရောင်ပြန်ဟပ်နေလျက်။

အပြင်ဘက်က အတွင်းဘက်ထက် နည်းနည်းလေးပိုတောက်ပနေ၏။

ရှန်ရိကျင်းက ထိုးဖောက်ဝင်ရောက်လာတဲ့နေ့အလင်းရောင်ခပ်မှိန်မှိန်ကြား မတ်တပ်ရပ်နေသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now