Chapter 31

16K 2.5K 89
                                    

//Zawgyi//

ရှန်ရိကျင်းကို နှုတ်ဆက်စကားပြောပြီးနောက် ကျင်ရွှင်ကလမ်းတစ်လျှောက်မှာ ပျော်ရွှင်စွာနဲ့ ခပ်ရွရွကလေးပြေးသွားနေသည် သူဘာလို့ပြေးနေမှန်း သူကိုယ်တိုင်မသိပေမယ့်လည်းပေါ့။

သင်ကြားရေးအဆောက်အဦးရဲ့အနောက်ဘက်တံခါးကနေ အရှေ့ဘက်တံခါးက lobbyကို လမ်းလျှောက်သွားနေတဲ့အချိန် အသိအကျွမ်းတစ်ဦးကို တွေ့လိုက်ရသည်။

"စီနီယာဟော်?"

ကျင်ရွှင်ကပြေးလိုက်သွားတော့ လက်ထဲမှာ ပစ္စည်းတွေအများကြီးသယ်လာတဲ့ ဟော်တုန်းယွီကိုတွေ့လိုက်ရသည်။ သူကအလိုအလျောက်ပဲ တစ်ဖက်လူဆီကနေယူကာ လမ်းတစ်လျှောက်ကူသယ်ပေးလိုက်သည်။

"အစ်ကိုက ဘာလို့ဒီအချိန်ကြီးဒီမှာရှိနေရတာလဲ?" သူမေးလိုက်သည်။

ဟော်တုန်းယွီ : " မဲနှိုက်ကြတာ ငါက ငါတို့ဌာနက ဒုတိယနှစ်လေးတွေရဲ့ စာမေးပွဲအခန်းစောင့်ဖို့ ပို့ခံလိုက်ရတယ်လေ"

ကျင်ရွှင်က သူ့လက်ထဲက ချိတ်ပိတ်ထားတဲ့စာမေးပွဲစာရွက်တွေကို ကြည့်လိုက်ရင်း အခြေအနေကိုသဘောပေါက်သွားသည်။

"အိုးးး"

ဟော်တုန်းယွီက မကျေမချမ်းဖြစ်နေတဲ့လေသံဖြင့်ပြောလာသည် :
" ဒီနှစ်ရက်အတွင်း အလုပ်ရှုပ်နေတဲ့ဟာကို အခုလည်းစာမေးပွဲစောင့်ဖို့အရွေးခံရတယ် အလိုလေး"

ဌာနတစ်ခုချင်းစီက စည်းမျဉ်းစည်းကမ်းတွေက ကွာခြားသည်။ စီနီယာဟော်ရဲ့ကွန်ပျူတာသိပ္ပံဌာနမှာက ဘွဲ့ကြိုကျောင်းသားတွေကို စာမေးပွဲခန်းစောင့်ဖို့အတွက် ဘွဲ့လွန်ကျောင်းသားတွေထဲကနေ ကျပန်းရွေးချယ်သည်။

ဟော်တုန်းယွီရဲ့အလုပ်ရှုပ်မှုဆိုတာကတော့ သူတို့လုပ်နေတဲ့ပရောဂျက်ကိုပြောတာပင်။

အရင်အစီအစဉ်အရ ဒီနေ့က ပထမအုပ်စုက ပရိုဂရမ်ပုံကြမ်းကို သူတို့ဆီပေးပြီး ဒုတိယအုပ်စုက ဒေတာတိုင်းတာမှုနဲ့ချိန်ညှိမှုကို စတင်ပြုလုပ်ရမှာဖြစ်သည်။

ယနေ့ကျင်ရွှင်မှာ စာမေးပွဲရှိနေပြီး စီနီယာဟော်က စာမေးပွဲခန်းစောင့်ဖို့ရွေးချယ်ခံရတာ သနားစရာပင်။ အဲ့ဒါဆို စီနီယာအစ်မချူချောင်က လုပ်ငန်းစဉ်ကိုတစ်ယောက်တည်းကိုင်တွယ်ရမှာဖြစ်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now