Chapter 9✰Edited

10.9K 1.3K 63
                                    

Unicode

Chapter 9 : ရှန် ဘာကြီး??

"ဖြစ်နိုင်ရင်တော့ ကိုယ်တို့တူတူနေနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးပြုပြီးတော့စိတ်ချပါ ခင်ပွန်းတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေအားလုံးကို လုပ်ဆောင်သွားမှာပါ။ လက်မထပ်ခင်ရော လက်ထပ်ပြီးရော၊ ကိစ္စရပ်အားလုံးမှာ ကိုယ်မင်းကို ဆိုးဆိုးဝါးဝါးဆက်ဆံမှာမဟုတ်ပါဘူး"

Mr.ခြေတံရှည်က တိုးညင်းကြမ်းရှတဲ့ လေသံနဲ့တစ်ဖန်ပြောလာ၏ ရိုးရှင်းနက်ရှိုင်းတဲ့တယောကြီးအသံမျိုးပင်:
" သေချာတာပေါ့၊ မင်းမှာဘယ်အချိန်မဆို ငြင်းဆန်နိုင်တဲ့ အခွင့်အရေးရှိပါတယ်"

"..."

တစ်ဖက်လူ ဒါကိုပြောတဲ့အချိန် ကျင်ရွှင်က ဆေးစစ်ချက်ကို ကြည့်နေတုန်းပင်။

ရိုးရိုးသားသားပြောရရင် သူက လူမမာတွေအား နှိမ့်ချခွဲခြားဆက်ဆံတာမျိုး မရှိပေ။

ဒီကိစ္စကို တမင်သက်သက်ဖုံးကွယ်ထားတာထက်စာရင် တစ်ဖက်လူက အစကတည်းမှ သူ့အရှေ့မှာအရာအားလုံးချပြကာ သူ့အားရွေးချယ်ဖို့ အခွင့်အရေးပေးတာကို ပိုပြီးကျေနပ်မိ၏။

သူဟာ ကလေးဘဝတည်းက ဖျားနာခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး အခြားသူတွေနဲ့မတူတာမို့ လူမမာတွေ ထိန်းသိမ်းထားချင်တဲ့ ဂုဏ်သိက္ခာအမျိုးအစားကို သူအကောင်းဆုံးနားလည်ပေသည်။

မည်သူကမှ သူတို့ကို အခြားလူတွေက လူမမာတစ်ယောက်လို့ စာတန်းကပ်မှာကို မလိုချင်ကြဘူးလေ၊ စိတ်ကျန်းမာရေး ပြဿနာဆိုပိုဆိုးပေါ့...

မိမိကိုယ်ပိုင်အခြေအနေကို တစ်ပါးသူရှေ့မှာ ချပြဖို့က သတ္တိအများကြီးလိုပေသည်။ တစ်ဖက်လူက သူ့ကိုယ်ပိုင်ထင်မြင်ချက်တွေကိုသာလျှင် တောင်းခံနေတာကို ထည့်မပြောနဲ့ဦး။

သူ့မှာတကယ်ကို စိတ်ငြိမ်ဆေးလိုသက်ရောက်မှုမျိုး ရှိနေတယ်ဆိုရင်တော့ တစ်ဖက်လူက သူ့ကိုနည်းလမ်းအများကြီးနဲ့ လှည့်စားလို့ရနိုင်သည်။ သို့ပေမဲ့ သူက အမှန်အတိုင်းချပြဖို့ တုံ့ဆိုင်းမနေခဲ့ဘူး။

ကျင်ရွှင် ဒီအမျိုးသားကို အရမ်းလေးစားသည်။

ဤစာအုပ်ထဲရှိ Dragonမြို့တော်၏ အထက်တန်းလွှာအသိုင်းအဝိုင်းမှလူတွေက ဆန်ကုန်မြေလေးgongလိုမျိုး ကြောင်သူတော်တွေ မဟုတ်ကြဘူးဆိုတာကို မြင်နိုင်ပေသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now