Chapter 29

15.3K 2.6K 53
                                    

//Zawgyi//

သူ့ကိုလက်စွပ်ဝတ်ပေးချင်လားလို့ ရှန်ရိကျင်းက မေးလာသည်။

ကျင်ရွှင် : “ဟုတ်၊ ကျွန်တော် ဝတ်ပေးချင်တယ်”

တိတိကျကျပြောရရင် သူဆန္ဒမရှိစရာအကြောင်းမှမရှိတာ…ဒါပေမယ့် ရှဲန်းရှန်က သူ့ဘာသာသူမဝတ်ချင်လို့ လက်စွပ်ကိုမဝတ်ထားတာလား?

အခမ်းအနားကအဲ့လောက်တောင် ကြီးကျယ်တာလား!?

ကျင်ရွှင်ကမနေနိုင်ဘဲ သူ့ကိုမေးလိုက်မိသည် : “ ဒါပေမယ့် ဒီလိုဆိုရင်တောင် အရင်တစ်ခေါက်တုန်းက ရှဲန်းရှန်ကဘာလို့လက်စွပ်ကို တစ်ခါတည်းထုတ်ပြီး အချင်းချင်းလဲမဝတ်ပေးရတာလဲ?”

ရှန်ရိကျင်း : “ဘာလို့လဲဆိုတော့ ကိုယ်စောင့်နိုင်လို့လေ”

ကျင်ရွှင် : “ ? ”

ရှန်ရိကျင်းက မျက်လွှာခပ်ရေးရေးလေးချကာ သူ့ကိုကြည့်လာပြီး သူ့အမူအရာက လေးနက်တည်ကြည်နေသည်
“ သိပ်မကြာခင် လက်ထပ်ပွဲနေ့ရောက်လာရင် ရှောင်ရွှင်က ကိုယ့်ကိုဝတ်ပေးရမှာပဲလေ”

ကျင်ရွှင် : “……”

ဒီတော့…ဒီလောက်ထိတောင် တွေးထားတယ်ပေါ့ ရှဲန်းရှန်ဖြစ်ထိုက်ပါတယ်။

……

ရှန်ရိကျင်းက ရုတ်ခြည်းကိုယ်ကိုကိုင်းလာကာ သူ့ကိုနက်နက်ရှိုင်းရှိုင်းကြည့်လာသည်။

ကျင်ရွှင်က စောင်နဲ့တူတူအိပ်ရာခင်းမှာထိုင်နေတာကြောင့် ဒီအချိန်မှာ ရှန်ရိကျင်းကတော်တော်ရှည်နေပြီး သူတို့အချင်းချင်းနီးနီးကပ်ကပ်ကြည့်ချင်တယ်ဆိုရင် ရှဲန်းရှန်က သူ့ခါးကိုကိုင်းဖို့လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ရှန်ရိကျင်းကလည်း အဲ့လိုလုပ်ခဲ့တယ်လေ။

သူက ကျင်ရွှင်ကိုနီးနီးကပ်ကပ်စိုက်ကြည့်ပြီး အလွန်လေးနက်စွာမေးလာဆဲပင်။

“ဒါဆို ရှောင်ရွှင်က ဘယ်တော့ကိုယ့်ကိုလက်စွပ်ဝတ်ပေးမှာလဲ?”

ရှဲန်းရှန်ရဲ့လေးနက်တဲ့မျက်နှာကို ကြည့်နေရင်း လက်စွပ်ကမူလတည်းကတစ်စုံဖြစ်ပြီး တစ်ခုကထွက်ပေါ်နေပြီဆိုမှတော့ နှောင့်နှေးနေစရာမလိုဟု ကျင်ရွှင်တွေးလိုက်မိသည်။ *နေ့ကောင်းရက်သာရွေးတာက ကြုံရာရက်လောက်တောင် မကောင်းဘူး။ အဲ့တော့ဒီနေ့ပဲလုပ်လိုက်ကြတာပေါ့။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now