Chapter 11✰Edited

11K 1.3K 36
                                    

Unicode

Chapter 11 : ရှန်အာ့- ယန်ကျင်ရွှင်က သူ့ကိုလာမရှာဘူး

ကျင်ရွှင် အစကတွေးခဲ့တာက သူသာရှန်ပေါ်ဟန်အကြောင်းထုတ်ပြောလိုက်ရင် ဗီလိန်အစ်ကိုကြီးက သူ့အားမနှစ်မြို့သလိုဖြစ်သွားပြီး သူ့ကိုကားပေါ်ကနေ မောင်းချလို့ထွက်သွားမယ်ပေါ့။

သို့ပေမဲ့ ရလဒ်ကတော့ …တကယ်တမ်း ဘာမှဖြစ်မလာပေ။

တစ်ဖက်လူက ဒီအကြောင်းပြောမလာမှတော့ သူကလည်း စေ့စပ်ပွဲဖျက်သိမ်းမဲ့အကြောင်း မပြောရဲပေ။

ထိုအေးစက်တဲ့အကြည့်အတွင်းမှာ ဘာတွေဖြစ်ပျက်နေမှန်း သူမသိပေမဲ့ အတော်လေးဉာဏ်သွက်တဲ့သူတစ်ယောက်အနေနဲ့ သူအနည်းနှင့်အများသိသွားတာတော့ရှိသည်။ ဒီဗီလိန်အစ်ကိုကြီးက လူတွေ သူ့ထံမှဝေးဝေးနေတာအား မကြိုက်ပေ။

…ဖြစ်နိုင်တဲ့မည်သည့်နည်းလမ်းနှင့်မဆိုပေါ့။

နောက်ထပ်လမ်းအချက်ပြမီးကိုဖြတ်ကျော်သွားပြီးနောက် ကျင်ရွှင်မထိန်းနိုင်ဘဲ လမ်းမီးတွေအလွန်မှောင်လို့ ကားထဲမှအလင်းရောင်ကမှိန်ဖျော့နေစဉ်တွင်  ဒဏ္ဍာရီလာဗီလိန်ကြီးအား ခိုးကြည့်လိုက်၏။

ရှန်ရိကျင်းက ရှေ့ကိုတန်းတန်းမတ်မတ်ကြည့်နေပြီး သူ့ဘေးတစ်စောင်းပုံရိပ်က ခံ့ညားနေကာ အမူအရာကတော့မပြောင်းမလဲလျက်ပင်။

…ဒီတော့ သူအများကြီးတွေးနေမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ

အိုက်ယား

သဘောတူညီမှုမတိုင်ခင်တုန်းက သူ့ရည်ရွယ်ချက်က သူတို့တူတူနေမယ်၊ သူ့စိတ်ခံစားချက်တွေ တည်ငြိမ်အောင်ကူညီပေးပြီး သူ့ရောဂါအား ကုသပေးကာ ၎င်းနောက် တစ်ဆက်တည်း လက်ထပ်တာတို့ ဘာတို့လုပ်မယ်ပေါ့။ သို့တစေ ဗီလိန်အစ်ကိုကြီးအတွက် ချစ်ကျွမ်းဝင်လာဖို့က မဖြစ်နိုင်ဘူးလေ။

ရှန်မိသားစု၏အစ်ကိုကြီးက မေတ္တာတရား သို့တည်းမဟုတ် ချစ်ခြင်းတရားကို နားမလည်တာကြောင့် လူတွေကသဘောကျကြ၏။ အဲ့တော့  သူ့အတိတ်ကို သူဂရုမစိုက်တာက သေချာပေါက်ပဲပေါ့။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now