Chapter 39

16K 2.5K 105
                                    

//Zawgyi//

သူ့ကိုယ်ပေါ်က အနီစက်တွေကို သူစိုးရိမ်နေတဲ့အကြောင်းအရင်းက သူငယ်စဉ်အခါမိဘမဲ့ဂေဟာမှာရှိနေတုန်းက မကြာခဏခြင်ကိုက်ခံရလို့ပင်။

အဲ့အချိန်တုန်းက ခြံဝင်းအတွင်းပတ်ဝန်းကျင်က နွမ်းပါးလှသည်။ နွေရာသီမှာ ကလေးတွေခြင်အကိုက်ခံရတာက ပုံမှန်ပင်။ ကျင်ရွှင့်သွေးက ချိုတော့ ခြင်တွေကသူ့တစ်ယောက်တည်းကိုပဲကိုက်ရတာကြိုက်ပြီး တစ်ခါအကိုက်ခံလိုက်ရရင်လည်း တစ်နေရာတည်းမှာမဟုတ်ပေ။ သူ့ပေါင်တွေကအမြဲလိုလိုအကိုက်ခံရပြီး သူ့ကိုယ်အပေါ်ပိုင်းနဲ့ဝမ်းဗိုက်လည်း မရှောင်ပေ။ သူ့အသားအရည်ကနူးညံ့တာကြောင့်ဖြစ်နိုင်သည် အကိုက်ခံလိုက်ရတဲ့အပိုင်းက နောက်တစ်နေ့ဆိုရောင်လာပြီး တစ်ခါတစ်ရံယားသည်။

အခု အနီစက်တွေက နည်းပေမယ့် ကျင်ရွှင့်အသားအရည်က အရမ်းဖြူတာကြောင့် ဒီအမှတ်တွေက တစ်မူထူးကာ ထင်ရှားပေါ်လွင်နေသည်။ ကြည့်ရတော့ တကယ်ပဲခြင်ကိုက်ခံလိုက်ရတာထင်တယ်။

သို့ပေမယ့် အဲ့ဒါကိုကြည့်ပြီးနောက် တစ်ခုခုကွာခြားတာရှိနေသေးတယ်လို့ ကျင်ရွှင်ခံစားရတာမို့ ထိကြည့်လိုက်သည်။

ဒီအမှတ်တွေက ပါးလွှာနေပြီး ရောင်ကိုင်းနေတာတို့ ယားယံတာတို့မရှိပေ။ ခြင်ကိုက်ထားတာနဲ့ မတူသလိုပဲ…

“ကျင်ရွှင်”

သူက ခြေထောက်တစ်ဖက်ကို တွဲလောင်းချထားကာ အနီစက်တွေကို လေ့လာနေရင်း နောက်ဆုံးတော့ရှန်ရိကျင်းရဲ့အသံက တစ်ဖန်ထွက်ပေါ်လာသည်။ သူ့အသံက အရင်ကထက် ပိုအက်ရှနေကာ ကျင်ရွှင်အားချက်ချင်းသတိဝင်လာစေသည်- ဘာလို့လဲဆိုတော့ သူ့ခြေထောက်တစ်ဖက်က မြှောက်ထားပြီး ထိုင်ခုံလက်ကိုင်ရဲ့ထောက်ပံ့ပေးမှုက နည်းသွားကာ သူ့တင်ပါးက ရှန်ရိကျင်းရဲ့ပေါင်ပေါ်ကို ပိုဖိမိထားတယ်…

ဒါ့အပြင် ရှဲန်းရှန်ရဲ့ရှေ့မှာ အမြင်မသင့်တဲ့ဒီလိုအရာမျိုးကို သူဘယ်လိုလုပ်နိုင်ရတာလဲ!

ကျင်ရွှင်က ခြေထောက်ကိုမြန်မြန်ပြချကာ ပြောလိုက်သည်
“ရှဲန်းရှန် ကျွန်တော်တောင်းပန်ပါတယ်”
သူဒါကိုပြောပြီးသွားတော့ ရှန်ရိကျင်းရဲ့ပေါင်ပေါ်ကနေ ဆင်းချင်ပေမယ့် တစ်ဖက်လူက မပူးပေါင်းပေးသလို ဘာမှမလှုပ်ရှားလာဘူး။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now