Chapter 23

18.4K 2.6K 73
                                    

//Zawgyi//

ကျင်ရွှင် : " ! "

တစ်ဖက်လူရဲ့ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေနဲ့ ထိမိလိုက်ချင်းမှာပဲ ဆေးရွက်ကြီးနံ့ခပ်ဖျော့ဖျော့က ရစ်သိုင်းလာကာ သူအနမ်းခံနေရမှန်းမသိခင် ကျင်ရွှင်ရဲ့တုံ့ပြန်မှုက နှစ်စက္ကန့်လောက်နှေးကွေးသွားသည်။

...ဒါက နမ်းနေတာလား?

...ဟုတ်တယ် နမ်းနေတာပဲ။ ကျင်ရွှင်ရဲ့အမြင်ထဲမှာ ရှန်ရိကျင်းရဲ့ဖြောင့်တန်းသွယ်လျနေတဲ့ မျက်တောင်တွေနဲ့ နှာတံရှည်တို့ရှိနေသည်။

တစ်ဖက်လူရဲ့ကိုယ်ပေါ်က အနံ့လဲရှိပြီး သူ့ရဲ့ပူလောင်နေတဲ့အသက်ရှူသံက ကျင်ရွှင်ရဲ့အသက်ရှူသံနဲ့ ရောယှက်ပေါင်းစည်းသွားကာ ကျင်ရွှင့်ကို လုံးဝအတိဖုံးကာထားသလို ဖြစ်သွားတာကြောင့် ဒီအခိုက်အတန့်မှာ သူ့နှလုံးခုန်နေတာက မရပ်နိုင်တော့သလိုပင်။

ကျင်ရွှင်ရဲ့ခြေထောက်တွေက ပျော့ခွေသွားကာ သတိလက်လွတ်အနောက်ကို လဲကျသွားသည်။

သို့သော် ရှန်ရိကျင်းရဲ့သွယ်လျကာအားမာန်ပြည့်ဝတဲ့လက်က သူ့ခါးကိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်ဖိထားတာကြောင့် သူအများကြီးမရုန်းကန်လိုက်ရပေ။

--ဒီအခိုက်အတန့်မှာ သူ့ဦးနှောက်ကဗလာကျင်းနေပေမယ့် ကျင်ရွှင်က သူမလဲကျသွားဘူးဆိုတာကိုတော့ မသိစိတ်အလျောက်ခံစားမိဆဲပင်။

အမှန်တရားက သူထင်ထားသလိုပါပဲ ရှန်ရိကျင်းက သူ့ကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

အနောက်ကိုယိုင်လိုက်တော့ စန္ဒယားခလုတ်အချို့ကိုနှိပ်မိသွားကာ "တန်း"ဆိုတဲ့ ရှော့ခ်ရဖွယ်စန္ဒယားအသံကြီး ထွက်ပေါ်လာရာ ရှန်ရိကျင်းကို ရုတ်ခြည်းအသိစိတ်ဝင်သွားစေပြီး သူတို့ကြားထဲက အကွာအဝေးကို ချက်ချင်းပြန်လည်လှစ်ဟလိုက်၏။

ကျင်ရွှင် : "......"

ပထမဆုံးအကြိမ်အနမ်းခံလိုက်ရတဲ့ ကျင်ရွှင်က သူ့မျက်နှာအရောင်နဲ့အပူချိန်ကို လုံးဝမထိန်းချုပ်ထားနိုင်တော့ဘူး။ ထူးဆန်းတယ် သိသိသာသာကိုပဲ ရှန်ရိကျင်းက သူ့ကိုနမ်းခဲ့ပေမယ့် ရှက်နေတဲ့သူက သူဖြစ်နေတယ်...

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now