Chapter 34

14.5K 2.7K 89
                                    

//Zawgyi//

ကျောင်းပရဝုဏ်အတွင်းခိုးမှုက အသေးအဖွဲဖြစ်ရပ်မဟုတ်ပေ။ ကျောင်းက ရဲကိုခေါ်ပြီးနောက် သူတို့ကချက်ချင်းလူတွေစေလွှတ်ကာ အဲ့ညမှာပဲ USBပိုင်ရှင်ကိုခြေရာခံတော့သည်။

ဝူချွင်က ညတွင်းချင်းရဲစခန်းမှာထိန်းသိမ်းခံလိုက်ရပြီး မူရင်းလျို့ဝှက်နံပါတ်ကိုသိတဲ့ သူ့ကောင်မလေးဖြစ်သူဖုန်းယွဲ့ထုန်ကလည်း သဘာဝကျစွာပဲ သူမရဲ့ပါဝင်မှုကိုရှောင်ရှားဖို့မဖြစ်နိုင်ဘဲ စစ်ဆေးမေးမြန်းမှုအတွက် ခေါ်သွားခြင်းခံခဲ့ရသည်။

အုပ်စုထဲကကျောင်းသားတွေအားလုံး သက်ပြင်းချလိုက်ကြသည်။ သူတို့ကတိုက်ရိုက်ပဲအပြင်လူတွေဆီ သံသယဝင်နေချိန် အလားအလာမရှိဆုံးဖုန်းယွဲ့ထုန်က ကြံရာပါဖြစ်သွားလိမ့်မယ်လို့ သူတို့တစ်ခါမှမတွေးခဲ့မိပေ။

“အလိုလေး ငါတို့မျက်နှာကိုမြင်နိုင်ပေမယ့် စိတ်နှလုံးကိုတော့မသိနိုင်ဘူးပဲ။ ဒီနည်းလမ်းအတိုင်းစဉ်းစားကြည့်မယ်ဆိုရင် သူမကအခြေအနေကို အရမ်းတည်တည်ငြိမ်ငြိမ်ပဲ ခွဲခြားစိတ်ဖြာသွားခဲ့တာ။ တကယ်တမ်းတော့ သူမက အရင်ကတည်းကအစီအစဉ်ဆွဲထားခဲ့တာပဲ။ သူမပြောတာက မှန်တယ်လို့တောင်ငါထင်ခဲ့တာ…”

*ရေကျသွားချိန် ကျောက်တုံးတွေထွက်ပေါ်လာတယ် ; ခုနကတုန်းက ကျင်ရွှင်ကိုကြမ်းတမ်းစွာပြောထားတဲ့ကျောင်းသားအုပ်စုက အလျင်အမြန်တောင်းပန်လာကြသည် : “ ဂျူနီယာယန် မင်းရဲ့အဆင့်ကိုအခြားတစ်ယောက်နဲ့ တန်းညှိမနေပါနဲ့။ ခုနကငါရူးသွပ်သွားလို့ပါ ဟင်း.. ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာအရည်အသွေးက တကယ်ကိုဆိုးရွားတာပဲ…ဘယ်လိုပဲဖြစ်ဖြစ် ငါတောင်းပန်ပါတယ် ဂျူနီယာ”

[*အချက်အလက်တွေပေါ်ပေါက်လာချိန် သံသယတွေရှင်းလင်းသွားသည်]

သူတို့ထဲက တစ်ယောက်ကစတင်တောင်းပန်လာပြီးနောက် ကျန်တဲ့လူတိုင်းကလည်း တစ်ယောက်ပြီးတစ်ယောက် ကျင်ရွှင်အားတောင်းပန်လာခဲ့သည်။

ကျင်ရွှင်က ဒီလူတွေကိုစိတ်မဆိုးပေ။ အဆုံးမှာတော့ ထိုအခြေအနေမှာ သူကအမှန်တကယ်ကို ပိုပြီးသံသယဝင်ဖို့ကောင်းတယ်လေ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now