Chapter 84 (Final Chapter)

12.6K 1.6K 67
                                    

//Zawgyi//

Chapter 84 : I Love You

_________________

နောက်တစ်နေ့မနက်ခင်းမှာ ကျင်ရွှင်နဲ့ရှန်ရိကျင်းနှစ်ယောက်လုံးက သူတို့အလုပ်တွေကိုထားခဲ့ပြီး ရှန်ရိကျင်းအမေရဲ့အုတ်ဂူကို လှည်းကျင်းရန် အနောက်တိုင်းဆင်ခြေဖုံးသုသာန်သို့ သွားရောက်ခဲ့ကြသည်။

ဒီနိုင်ငံကိုပြန်ရောက်လာပြီးနောက် ရှန်ရိကျင်းက လေးစားမှုပြရန် ဒီနေရာကို တစ်နှစ်ကိုအကြိမ်များစွာလာလေ့ရှိသည်။ ပုံမှန်အချိန်တွေမှာတော့ ဒီနေရာကိုဂရုစိုက်ပေးရန် တစ်ယောက်ယောက်ကိုခိုင်းထားလိမ့်မည်။ အမေရှန်ရဲ့အုတ်ဂူက သန့်ရှင်းသပ်ရပ်နေဆဲပင်။

ပြောင်လက်သန့်ရှင်းနေတဲ့ကမ္ဗည်းကျောက်စာတိုင်ပေါ်မှာ အမေရှန်ရဲ့ဓာတ်ပုံက အရမ်းကိုရှင်းလင်းလျက်ရှိနေဆဲ။

ဓာတ်ပုံကနေ အကဲဖြတ်ရရင် ရှန်ရိကျင်းမိခင်ရဲ့မျက်နှာအစိတ်အပိုင်းတွေက အလွန်ကိုသုံးဖက်မြင်ကျပြီး သူမမျက်ခုံးတွေက သဘာဝကျကျပဲပြုံးယောင်သန်းသလိုဖြစ်နေကာ သူမအားကြင်နာတတ်သူတစ်ယောက်ပုံပေါ်စေသည်။

ကျင်ရွှင်က ကမ္ဗည်းကျောက်တိုင်ရှေ့မှာ မတ်တပ်ရပ်နေရင်း ရှန်ရိကျင်းနှင့်အတူ လေးလေးစားစားဖြင့်အမွှေးတိုင်တစ်တိုင်ထွန်းညှိပေးလိုက်သည်။

ယနေ့ သူလည်းအနက်ရောင်ပြောင်းဝတ်ခဲ့ပေမဲ့ ရှန်ရိကျင်းပေးစွမ်းတဲ့ခက်ထန်လေးနက်မှုမျိုးလို ခံစားချက်တော့မရပေ။

ကမ္ဗည်းကျောက်တိုင်ရှေ့မှာရပ်နေရင်း ရှန်ရိကျင်းက စကားတစ်လုံးမှမဆိုဘဲ ရှေ့တူရှုကိုပဲစိုက်ကြည့်နေကာ သူဘာတွေးနေမှန်းမသိရပေ။

ရှဲန်းရှန် ထိုနေရာမှာရပ်နေတာ အတော်ကြာနေပြီ။

သူ့မှာ သူ့အမေကို ပြောစရာတွေအများကြီးရှိနေမှန်း ကျင်ရွှင်ခံစားရသည်။

ဒါမှမဟုတ် ဘာမှပြောစရာမလိုတာကြောင့် စကားတစ်လုံးမှမဆိုဘဲ ဒီတိုင်းရပ်ကြည့်နေတာလည်း ဖြစ်နိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူလည်းအလျင်မလိုတာကြောင့် ကျင်ရွှင်က ဘေးတစ်ဖက်မှာရပ်နေရင်း သူ့ကိုအဖော်ပြုပေးလိုက်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now