Chapter 27

15.9K 2.7K 335
                                    

//Zawgyi//

ရှန်ရိကျင်းက သူ့ကောင်လေးလို့ကျင်ရွှင်ပြောလိုက်၏။ ဒါပေမယ့် သိသာစွာကိုပဲ သူ့မှာနှစ်ဖက်စလုံးကို မိတ်ဆက်ပေးဖို့ရည်ရွယ်ချက်မရှိပေ။ အဆုံးမှာတော့ သူတို့က မရင်းနှီးကြဘူးလေ။

ဝူချွင်ကတော့ ရှော့ခ်ရနေတာကနေ တော်တော်ကြာသတိပြန်မဝင်လာခဲ့ပေ။ သူ့ဘေးက ဖုန်းယွဲ့ထုန်က သူဖြစ်ပျက်နေတာတွေကို ရှုပ်ထွေးနေတာကြောင့် သူ့လက်ကိုဆွဲလိုက်၏။

ဖုန်းယွဲ့ထုန်က ကျင်ရွှင်ကို ရှက်ရွံ့စွာပြောလိုက်သည် : “ဒါဆို မောင်ငယ်လေးမှာ ကောင်လေးရှိပြီးသားပေါ့”

အဲ့နောက် သူမ ရှန်ရိကျင်းကို တစ်ချက်လောက်ထပ်မကြည့်ဘဲ မနေနိုင်ပေ။ ယန်ကျင်ရွှင်ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ဒီအမျိုးသားကို သူမပထမဆုံးအကြိမ်မြင်တုန်းက ဖုန်းယွဲ့ထုန်ရဲ့တုံ့ပြန်မှုကလည်း ဝူချွင်နဲ့ဆင်တူသည်။

သူတို့က စုံတွဲလို့ခေါ်ဖို့ထိုက်တန်တယ်။ သူမ နီးနီးကပ်ကပ်မြင်ရပြီးနောက် ဖုန်းယွဲ့ထုန်ကလည်း ပရော်ဖက်ဆာရဲ့အကူအညီရခဲ့တဲ့ ဒီကျောင်းသားကို မနာလိုဖြစ်မိသည်။

အရင်တုန်းက ဝူချွင်က ယန်ကျင်ရွှင်အုပ်စုထဲကို ဝင်ရောက်နိုင်တာက ကြီးမားတဲ့တစ်စုံတစ်ခုကို ပြုလုပ်ခဲ့လို့ဆိုပြီး သူမကိုစောင်းပါးရိပ်ခြည်ပြောလေ့ရှိသည်။ သို့ပေမယ့် သူမသိပ်ဂရုမစိုက်ခဲ့ဘူး။

သူတို့က ပရောဂျက်အဖွဲ့တစ်ခုတည်းမှာဆိုပေမယ့် ဒုတိယအုပ်စုနဲ့ ပထမအုပ်စုကြားက ကွာဟမှုကအတော်လေးကြီးနေဆဲပင်။ ဖုန်းယွဲ့ထုန်က ဒီကျောင်းသားရဲ့ပါဝင်လာမှုကို သိပ်ပြီးအာရုံမထားပေ။

ဒါပေမယ့် အခု…

လွန်ခဲ့တဲ့နှစ်ရက်က အဖွဲ့အစည်းအဝေးကို တက်ခဲ့တဲ့ဂျူနီယာမောင်လေးယန်က ရိုးရှင်းပြီးသာမန်ဆန်တဲ့အသွင်အပြင်ရှိနေဆဲပင်။ ဒါပေမယ့် အခုသူက နာမည်ကြီးတံဆိပ်အဝတ်တွေကို ဝတ်ဆင်ထားသည်။

“ အစ်မတကယ်ကို မထင်…” ဖုန်းယွဲ့ထုန်က သူ့ကိုအကြာကြီးတိုင်းတာနေတာကနေ သူမကိုယ်သူမထိန်းချုပ်လိုက်သည်။ သူမခြောက်ကပ်ကပ်ပြုံးလိုက်ကာ : “ မင်းပျော်ရွှင်ဖို့ အစ်မဆုတောင်းပေးပါတယ် မောင်လေးယန်”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now