Chapter 15

17.6K 2.8K 86
                                    

//Zawgyi//

ဒီနေ့ရဲ့အတန်းချိန်တွေကတော့ အပြည့်ပင်။ ညနေခင်းမှာ ကျောင်းသားကောင်စီရဲ့ ရာထူးလွှဲပွဲလဲရှိသေးသည်။ မူလကိုယ်က ကျောင်းကောင်စီရဲ့ဥက္ကဋ္ဌတစ်ယောက်ဖြစ်ခဲ့သည်။ သူက အစောကတည်းက အကုန်လုံးကို ဒုတိယနှစ်တွေနဲ့ အငယ်လေးတွေဆီလက်လွှဲခဲ့ပြီးဖြစ်သည်။ ဒီအချိန်ကာလမှာ သူကအခြေခံအားဖြင့်တော့ ကျောင်းကောင်စီထဲမှာ မပါဝင်တော့ပေမယ့် ဒီလိုမျိုးရာထူးလွှဲပြောင်းတဲ့ပွဲမျိုးကိုတော့ ကျင်ရွှင်ကပါဝင်ဆင်နွှဲဖို့လိုသေးသည်။

ရလဒ်အနေနဲ့ကတော့ သူညခင်းအဆောင်ကိုပြန်တဲ့အချိန်မှာ ဆယ်နာရီကျော်နေပြီး သူဆေးကြောလို့ပြီးတဲ့အချိန်မှာတော့ ဆယ့်တစ်နာရီထိုးခါနီးကာ မီးတောင်ပိတ်တော့မည်ဖြစ်သည်။

ကျင်ရွှင်ရဲ့လက်ကိုင်ဖုန်းက တစ်နေ့လုံးတိတ်ဆိတ်နေဆဲပင်။ အချို့လူတွေကတော့ ဖုန်းခေါ်ပြီးသူ့ကိုရှာပေမယ့် ရှန်ရိကျင်းနဲ့ပြောထားတဲ့မျက်နှာပြင်ကတော့ မနေ့ညကgood nightမှာ မပြောင်းမလဲရှိနေဆဲပင်။

ကျင်ရွှင်က လက်ပြတ်စွပ်ကျယ်တစ်ထည်နဲ့ ဘောင်းဘီတိုကိုဝတ်ကာ အိပ်ရာဝင်ခါနီးမှာ သူ့ဖုန်းကိုယူလိုက်ပြီး အစ်ကိုကြီးကို ကောင်းသောညပါလို့ ပို့သင့်မပို့သင့်စဉ်းစားလိုက်၏။

သူက WeChatကနေ တစ်နေကုန်ပရောပရည်လုပ်တာမျိုးကို မကြိုက်ပေမယ့်လဲ …တစ်နေကုန်ဘာစကားမှမပြောတာကတော့ သိပ်မဟုတ်သေးသလိုပဲလားလို့

ကျင်ရွှင်က တစ်ခါမှရည်းစားမထားဖူးတော့ ဘာအတွေ့အကြုံမှမရှိဘူး။ သူတွေးလိုက်တာက ဒီနေ့မှာအင်တာနက်နေ အပြန်အလှန်နှုတ်ဆက်မှုမရှိရင် မနက်ဖြန်လဲရှိလာမှာမဟုတ်ဘူး၊ နောက်တစ်နေ့ကျရင်လဲ ဒီလိုမျိုးပဲဆက်ဖြစ်သွားလိမ့်မယ်…

အဲ့လိုနဲ့ဒါက တဖြည်းဖြည်းမှေးမှိန်သွားလိမ့်မယ်။

ဒါပေမယ့် သူစာပို့ပြီးရင်လဲ အဲ့တာကအဓိပ္ပါယ်မဲ့ပြီး အပိုတွေလုပ်နေတာပါလို့ ထင်မိလိမ့်မယ်။ တကယ်လို့သူဖုန်းခေါ်လိုက်ရင် တစ်ဖက်လူကိုအနှောင့်အယှက်ဖြစ်သွားမလားဆိုတာ သူမသိပေ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now