Chapter 44

14.3K 2.3K 47
                                    

Zawgyi

ကျင်ရွှင်က ရေချိုးခန်းဘက်ကိုကြည့်နေရင်း ရုတ်ခြည်းပိုပြီးထူးခြားတဲ့တစ်စုံတစ်ရာကို တွေးမိသွားသည်။

ရှဲန်းရှန်ရဲ့ဖုန်းက အသစ်မဟုတ်ဘူးဆိုတော့ အရင်က လျို့ဝှက်နံပါတ်တစ်ခုရှိခဲ့ရမယ်။

အခု လျို့ဝှက်နံပါတ်က ဒီလောက်ရက်နီးနီးလေးကို ပြောင်းထားတာဆိုတော့ ဆိုလိုတာက ဒီနံပါတ်ကို 29ရက်နေ့ပြီးမှ ပြန်ပြောင်းထားတာပဲ။

…ဒီဟာ…ဒီဟာ…ဒီဟာကအရမ်းကိုအာရုံစိုက်ထားတာပဲ!

သူခုနကတုန်းက နံပါတ်တောင်းလိုက်တဲ့အချိန် သူအများကြီးမစဉ်းစားခဲ့မိဘူး။

အခုတွေးကြည့်လိုက်တော့…ရှန်ရိကျင်းက သူ့ကိုလျို့ဝှက်နံပါတ်ပေးလာတယ် ဆိုလိုတာက အနာဂတ်မှာဘယ်အချိန်မဆို သူ့ဖုန်းကိုစစ်ကြည့်လို့ရတယ်ပေါ့??

ဒါက Mr.ဗီလိန်ရဲ့ကိုယ်ရေးကိုယ်တာဖုန်းလေ!

ကျင်ရွှင်က သူ့ပါတနာရဲ့ဖုန်းကို စစ်ဆေးကြည့်ဖို့အစီအစဉ်မရှိပေမယ့် သူဘယ်လိုပြောရမလဲ…ဒီလိုမျိုးယုံကြည်မှုပေးတဲ့ခံစားချက်မျိုးက လူတွေရဲ့နှလုံးသားကို အလွယ်တကူနွေးထွေးစေနိုင်တယ်။

ရှန်ရိကျင်းက မျက်နှာသစ်ပြီးတော့ အပြင်ကိုထွက်လာသည်။ လူငယ်လေးက ကုတင်ပေါ်မှာလဲလျောင်းကာ သူရှိနေတဲ့ဘက်ကို ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းတွေနဲ့ မျက်တောင်မခတ်တမ်းငေးကြည့်နေတာအား ရှန်ရိကျင်းမြင်လိုက်ရသည်။ သူအပြင်ကိုရောက်တော့ သူ့မျက်ခုံးတွေကချက်ချင်းပင် အပြုံးတစ်ခုလိုကွေးညွတ်သွားသည်။

ကမ္ဘာပေါ်က ကောင်းမွန်တဲ့အရာတွေအားလုံးက အဲ့မျက်ဝန်းတွေထဲမှာ ပုန်းအောင်းနေသလိုမျိုး ရှန်ရိကျင်းက ခြေလှမ်းကျဲကြီးတွေနဲ့ သွားကာ သူ့မျက်ခုံးတွေရဲ့ဗဟိုကို တယုတယနမ်းလိုက်သည်။

“ဘာဖြစ်လို့လဲ”

ကျင်ရွှင်က တောက်ပတဲ့မျက်ဝန်းတွေနဲ့ သူ့ဆီကို ဖုန်းတစ်လုံးကမ်းပေးလာသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now