Chapter 2✰Edited

13.1K 1.5K 76
                                    

Unicode

Chapter 2 : စကားမစပ် ရှဲန်းရှန် ကျွန်တော်တို့က one-night standပဲမလား ?

အောက်ထပ်ကိုဆင်းနေရင်းနဲ့ ကျင်ရွှင်ရုတ်ခြည်းအနည်းငယ်မသက်မသာခံစားနေရသည်။

ဒါကဖြစ်နေကျ မသက်မသာဖြစ်တာမျိုးမဟုတ်ဘူး။ တကယ်တော့ ဒါကသူ့ရဲ့ခန္ဓာကိုယ်မဟုတ်မှန်း ကျင်ရွှင်လုံးဝသေချာသည် ဘာလို့လဲဆိုတော့ သူ့ရဲ့မူရင်းခန္ဓာကိုယ်က တော်တော်လေးကို ကျန်းမာရေးချူချာတာကြောင့် အမြဲတမ်း သူကရွှေစတစ်ထောင်လောက်သယ်ထားနေရသလိုမျိုး ခံစားခဲ့ရသည်။

သို့ပေမဲ့ ဒီကမ္ဘာမှာ အဲ့လေးလံနေတဲ့ခံစားချက်က ပျောက်ကွယ်သွား၏။ ပထမဆုံးအကြိမ်အနေနဲ့ ပေါ့ပါးကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုရှိတာက ဘာကိုဆိုလိုတာမှန်း ကျင်ရွှင်သဘောပေါက်သွားသည်။ ၎င်းကကောင်းချီးပေးခံထားရသလိုပင်။

ဒီတစ်ကြိမ်မှာ ခန္ဓာကိုယ်က ထူးထူးခြားခြားပူလောင်လာပေမဲ့ နာကျင်မှုကြောင့် ပုံမှန်ခံစားနေကျခံစားမှုမျိုးတော့မဟုတ်ဘူး...

သူခေါင်မိုးထပ်ကနေ ဆင်းဆင်းချင်း ကျင်ရွှင်ကသူ့ဘေးမှာရှိနေတဲ့ သံတံခါးကြီးကို တိုက်ရိုက်တွန်းဖွင့်ကာ မှောင်မည်းနေတဲ့ကော်ရစ်တာရဲ့အတွင်းတစ်လျှောက်ကို လျှောက်သွားလိုက်၏။

ဒီနေရာက ဘားတစ်ခုမှန်းသူသိသည်။

အဆုံးမှာတော့ ဒါကအဓိကဇာတ်ကောင်ရဲ့ ကံကြမ္မာအလှည့်အပြောင်းနေရာဖြစ်ပြီး ဒီဇာတ်ဆောင်က ပထမဆုံးအကြိမ် မတရားကျင့်ခံရတဲ့ နာမည်ကြီးဇာတ်ကွက်လည်း ပါဝင်သည်။ သိပ်မကြာသေးခင်က စီနီယာဖေက သူ့ကိုဒီအကြောင်းပြောခဲ့ပြီး စီနီယာ2က ဝတ္ထုထဲကဒီနေရာမှာ ဘာတွေဖြစ်ခဲ့မှန်းကို အသေးစိတ်ပြောပြခဲ့သည်...

ဇာတ်လမ်းက အဆောက်အအုံပေါ်ကနေ ခုန်ချပြီးနောက်မှာ မပြီးဆုံးသွားချေ။

--သူခေါင်မိုးထပ်ကိုမလာခင် ဒီဇာတ်လိုက်က ဆန်ကုန်မြေလေးgongရဲ့ သူငယ်ချင်းတွေ သူ့အားကမ်းပေးတဲ့ရေကို သောက်ခဲ့သည်။
အဲ့ဒါက တစ်စုံတစ်ခုထည့်ထားတဲ့ ရေခွက်ပင်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now