Chapter 28

15K 2.7K 89
                                    

//Zawgyi//

ရှန်ရိကျင်းက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘာမှမဖုံးကာထားသလို ဘာမှလည်းမဝတ်ထားပေ။

သံသယရှိစရာမလိုအောင်ပဲ ကျင်ရွှင်က ဒီပုံရိပ်ကို သူ့ကိုယ်ပိုင်မျက်လုံးနဲ့ အကြိမ်ပေါင်းများစွာမြင်ခဲ့ဖူးတယ်၊ သူ့အိပ်မက်ထဲမှာပေါ့…

ဒါပေမယ့် အရင်တစ်ခေါက်တုန်းကဖြစ်စေ သူ့အိပ်မက်ထဲမှာဖြစ်စေ ဒီတစ်ကြိမ်လိုမျိုးတော့ သူရှင်းရှင်းလင်းလင်းမမြင်ဖူးပေ။

အထူးသဖြင့် ရှန်ရိကျင်းရဲ့ခန္ဓာကိုယ်က ရေတစ်စက်စက်ကျနေကာ သူ့ကြွက်သားကောက်ကြောင်းတွေက ရှင်းလင်းစွာပေါ်လွင်နေရုံတင်မကဘဲ အသားအရေကလည်း တောက်ပနေသည်။ ဒါက အရင်တုန်းကကျင်ရွှင်မတော်တဆမြင်ခဲ့ဖူးတဲ့ မဂ္ဂဇင်းတွေထဲက တမင်သက်သက်ဆီတွေလိမ်းထားတဲ့ ခန့်ညားတဲ့အမျိုးသားမော်ဒယ်လ်တွေရဲ့ အလှဓာတ်ပုံတွေနဲ့ အလွန်အမင်းကိုတူလှသည်။

ကျင်ရွှင် : ………! !

ဖြစ်ရပ်က ရုတ်တရက်ဖြစ်သွားပြီး ရုပ်ရည်သက်ရောက်မှုကလည်း အားပြင်းလွန်းလှသည်။ တစ်ဖက်လူရဲ့ သိသာထင်ရှားလှတဲ့absကောက်ကြောင်းတွေကို မြင်လိုက်ရတဲ့အခိုက်အတန့်မှာ ကျင်ရွှင်ရှော့ခ်ရသွားသည်။

အောက်က mermaid lineကို မြင်လိုက်ရတဲ့အချိန် ကျင်ရွှင်ခမျာ အသက်ရှူရပ်လုနီးပါးပင်။

အောက်ကိုဆက်သွားမယ်ဆိုရင်…အား အား အား သူထပ်မကြည့်နိုင်တော့ဘူး။

ရှန်ရိကျင်းက အဝတ်အစားတွေဝတ်ထားရင် သွယ်လျပိန်ပါးတဲ့လူမျိုးပင်။ ပုံမှန်အားဖြင့် သူကကောင်းမွန်စွာဝတ်စားလေ့ရှိတာမို့ အဲ့တာကသတိမထားမိနိုင်ဘူး။ ဒါပေမယ့် သူအပေါ်ပိုင်းဗလာဖြစ်နေချိန် သူ့ကောက်ကြောင်းက တကယ်ကို…အံ့အားသင့်စရာပဲ။

သူနဲ့နှိုင်းယှဉ်မယ်ဆိုရင်…အာ…လုံးဝကိုမျှမျှတတယှဉ်ကြည့်မယ်ဆိုရင် ခုနက ညီငယ်လေးရဲ့ဓာတ်ပုံက လုံးဝကိုနှိုင်းယှဉ်နိုင်ဖွယ်မရှိပေ။

[Hua: ဂုဏ်ယူပါတယ် ရှန်ရိကျင်းရေ၊ ရှင့်ရည်ရွယ်ချက် အောင်မြင်သွားပါပြီ]

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now