Chapter 74

11.2K 1.7K 72
                                    

//Zawgyi//

Chapter 74 : Happy Birthday ကျင်ရွှင်

___________________

ရုပ်ရှင်စခါနီးတော့ ကျင်ရွှင်နဲ့ရှန်ရိကျင်းလည်း ရုပ်ရှင်ရုံထဲဝင်လိုက်ကြသည်။

နာမည်ကြီးနွရောသီရုပ်ရှင်ဇာတ်ကားအနေနဲ့ 'Hello, Happy'က ကြည့်ရှုနှုန်းအရမ်းမြင့်၏။ ကျင်ရွှင်နဲ့ရှန်ရိကျင်းကလာတာနောက်ကျတာမို့ ထောင့်နားကိုပဲဝယ်နိုင်ခဲ့သည်။

ဒါပေမဲ့ ထောင့်နေရာကလည်း အတော်လေးကောင်းနေပါပြီ။

အရှေ့ခြမ်းနဲ့ယှဉ်လိုက်ရင် ထောင့်ကပိုသန့်ရှင်းသည်။ မင်းလုပ်ချင်တာကိုလုပ်လို့ရ...သေချာတာပေါ့ မင်းလုပ်ချင်တာမှန်သမျှလုပ်လို့မရဘူး။ ပြောကြတာက ရုပ်ရှင်ရုံက စောင့်ကြည့်ကိရိယာတွေကို ညကင်မရာတွေနဲ့ တပ်ဆင်ထားတာတဲ့..

[အမှောင်ထဲကဟာကို မြင်နိုင်တဲ့ဟာမျိုးပေါ့]

ကျင်ရွှင်က ရှန်ရိကျင်းကို သူတို့ခုံဆီခေါ်သွားလိုက်သည်။

ပြောင်းဖူးပေါက်ပေါက်က တကယ်ကိုချိုမြိန်ပြီး အရမ်းကြွပ်ရွ၏။

ပေါက်ပေါက်လုံးလေးတွေက နွေးနေဆဲဖြစ်ကာ အပြင်ဘက်သကြားအုပ်ထားတဲ့အခွံမာက ကြွပ်ရွနေပြီး အဲ့ဒါကိုကိုက်လိုက်ပြီးနောက် အတွင်းဘက်ကလည်း ရွရွလေးပင်။ မင်း ပြောင်းဖူးပေါက်ပေါက်နှစ်ခုကို သွားတွေနဲ့ကိုက်လိုက်ပြီးတဲ့နောက်မှာတော့ အပြင်ဘက်အကာရဲ့ချိုမြမှုနှင့်အတူ တစ်ချိန်တည်းမှာပဲ ပြောင်းဖူးစေ့ရဲ့မူလအရသာကိုလည်း ခံစားနှစ်ခြိုက်နိုင်သည်။

ကျင်ရွှင်က ရှဥ့်သေးသေးလေးတစ်ကောင်လို ပါးစပ်ထဲကို ပေါက်ပေါက်နှစ်ခုသွတ်လိုက်ပြီးနောက် ပေါက်ပေါက်ဖာကို ရှန်ရိကျင်းမျက်နှာရှေ့ပို့ပေးကာ သူ့ကိုစားရန်အချက်ပြလိုက်သည်။

ရှန်ရိကျင်းက အများအားဖြင့် အလွန်ရိုးရှင်းတဲ့ပုံမှန်အရာတွေကိုသာစားလေ့ရှိပြီး ချိုတဲ့အရာတွေစားခဲလှသည်။

သို့တစေ သူ့အတွက်ကျင်ရွှင်ပေးတဲ့စားစရာအများစုကိုတော့ သူငြင်းပယ်လိမ့်မှာမဟုတ်ပေ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now