Chapter 25

15.4K 2.7K 83
                                    

//Zawgyi//

သိသာစွာကိုပဲ ရှန်ရိကျင်းက သန့်ရှင်းပြီး စည်းစနစ်ကျတဲ့လူတစ်ယောက်ပင်။ သူဒါကို တစ်ဖက်လူမီးဖိုချောင်သန့်ရှင်းတဲ့နည်းလမ်းကနေ သိလိုက်တာဖြစ်သည်။

မီးဖိုချောင်ထဲမှာ ကျင်ရွှင်ကအလုပ်လုပ်ဖို့ သူ့နောက်ကနေတကောက်ကောက်လိုက်နေပြီး ရှန်ရိကျင်းရဲ့စိတ်ကျေနပ်မှုအဆင့်ထိ ရောက်ဖို့အတွက် သူတို့အချိန်အကြာကြီးယူကာ သန့်ရှင်းလိုက်ရသည်။ သို့သော်ငြား ဒီဖြစ်စဉ်က လုံးဝကိုမပင်ပန်းလေဘူး။

အဆုံးမှာတော့ ရှန်ရိကျင်းအလုပ်လုပ်တာကို စောင့်ကြည့်နေရခြင်းက စိတ်ချမ်းသာစရာခံစားချက်မျိုးကို ပေးစွမ်းသည်။

ဒါ့အပြင် ခန့်ညားတဲ့လူတွေက အနောက်တိုင်းဝတ်စုံနဲ့ပဲခန့်ညားတာမဟုတ်ဘဲ သူတို့မီးဖိုချောင်ထဲမှာ ရပ်နေတဲ့အချိန် ဒါမှမဟုတ် မီးဖိုချောင်ကောင်တာရှေ့မှာ ရပ်နေတဲ့အချိန်မှာလည်း ချောမောခန့်ညားကာ စွဲမက်ဖွယ်ဖြစ်နေသည်။

အရာအားလုံးကို သိမ်းဆည်းပြီးနောက် တစ်ဖက်လူက အခုချိန်မှာလုပ်စရာ စီးပွားရေးကိစ္စမရှိဘူးဆိုတာကို ကျင်ရွှင်က ရှန်ရိကျင်းဆီမှာ အတည်ပြုလိုက်ပြီးဖြစ်တာကြောင့် သူက Mr.ခြေတံရှည်နဲ့အတူတူ ဂိမ်းကစားကြည့်ဖို့ ရည်ရွယ်လိုက်သည်။

“ ခင်ဗျားအရင်က ကစားဖူးလား?” သူမေးလိုက်သည်။

ထင်ထားသလိုပါပဲ ရှန်ရိကျင်းပြန်ဖြေလာတာကတော့ “မကစားဖူးဘူး”

“ ကျွန်တော်လည်း မကစားဖူးဘူး တူတူလေ့လာကြည့်ရအောင်လေ?”

ရှန်ရိကျင်းက သူ့ကိုနက်ရှိုင်းစွာ စိုက်ကြည့်လာသည်။

ကျိန်းသေပေါက်ကိုပဲ ဂိမ်းကိုအတူတူစူးစမ်းကြဖို့အတွက် သူ့မှာငြင်းပယ်စရာမရှိပေ။ သူဖြည်းညင်းစွာခေါင်းညိတ်ပြလိုက်ပြီး
“ အိုကေ”

Mr.ရှန်ရဲ့ တောင်းဆိုမှုအရ နှစ်ဦးသားက ခုနကကျင်ရွှင်နဲ့ရှောင်ထန်းဆော့ခဲ့တဲ့ အလယ်ခေတ်နောက်ခံဂိမ်းကို ကစားခဲ့ကြသည်။

ဒီဂိမ်းအမျိုးအစားက ဆော့ဖို့ခက်ခဲရုံသာမက သဲလွန်စတွေကို ရှာဖို့လည်း ခက်သည်။ သူ့ရဲ့ခက်ခဲမှုက မင်းရဲ့ဦးနှောက်ကိုလောင်ကျွမ်းပြီး မင်းရဲ့စိတ်ပိုင်းဆိုင်ရာ အရည်အချင်းကို စစ်ဆေးဖို့လုံလောက်သည်။ ဒီဂိမ်းက စိတ်ရှည်မှုကိုလည်း လိုအပ်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now