Chapter 56

13.1K 2.2K 108
                                    

//Zawgyi//

Chaprer 56 : ကြိုတင်ပြဋ္ဌာန်းထားသောကံကြမ္မာ+ ရောဂါပိုသက်သာလာခြင်း

Note :

ရှောက် or ရှောက်ရယ် = သခင်လေး

အာ့(ဒုတိယ) ရှောက် = ရှန်ပေါ်ဟန်

တာ့(အကြီးဆုံး) ရှောက် or တာ့ရှောက်ရယ်= ရှန်ရိကျင်း

**

အနားယူဖို့ရန် ရှန်ရိကျင်းနဲ့အတူ အပေါ်ထပ်ကိုတက်သွားမှာအား ကျင်ရွှင့်မှာ ငြင်းပယ်စရာမရှိပေ။

“ဒါဆိုလည်း သွားရအောင်လေ”

နှစ်ဦးသားက စကားပြောပြီးနောက် ထလိုက်ကြသည်။ အောက်မှာသွားကစားကြတဲ့ အစ်ကိုကြီးထန်းနဲ့ရှောင်ထန်းအတွက်ကတော့ သူတို့ကိုယ်စား စကားပါးပေးဖို့ ဒီနေရာကမန်နေဂျာကို ပြောခဲ့လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဆိုင်ကိုလည်း ရှဲန်းရှန်ပိုင်တာမို့ ဘာမှမှားယွင်းသွားစရာအကြောင်းမရှိပေ။

လျှောက်လမ်းက ကျဉ်းမြောင်းပြီး လူကျပ်သည်။ အရှေ့မှလျှောက်နေတဲ့ကျင်ရွှင်က သူ့နောက်ဘက်ရှိ ရှန်ရိကျင်းရဲ့ကာကွယ်ခြင်းခံထားရသည်။ နှစ်ဦးသားက စားပွဲခုံကနေ ထကာ ဒုတိယထပ်ကို ဦးဆောင်တဲ့လှေကားဆီ လျှောက်သွားလိုက်ကြ၏။

သိပ်မဝေးတဲ့နေရာမှ လင်လိနဲ့သူ့သူငယ်ချင်းတွေက ကျောက်ရုပ်လိုမျိုး နေရာမှာတင် ကြက်သေ,သေနေကြသည်။

ကျင်ရွှင်နဲ့ ရှန်ရိကျင်းက ထောင့်ကနေ ပျောက်ကွယ်ခါနီးကျမှ လင်လိက အသိစိတ်ပြန်ကပ်လာပြီး သူ့ဖုန်းကို အလျင်အမြန်ဆွဲထုတ်ကာ ဓာတ်ပုံနှစ်ပုံရိုက်လိုက်သည်။

အကလွှာရဲ့အစွန်းပိုင်းက မှောင်မည်းနေသော်ငြားလည်း လက်တစ်ဖက်ကို နောက်ပြန်ဆုပ်ကိုင်ခံထားရတဲ့ ယန်ကျင်ရွှင်ကိုတော့ ရိုက်မိသွားဆဲပင်။

ပြီးတော့ သူ့နောက်ရှိ ရှန်ရိကျင်းက ထိုလက်ကိုကိုင်ဆွဲထားသည်။

လူအုပ်က ဆူညံနေပြီး ရှေ့ဆင့်နောက်ဆင့်လက်ချင်းတွဲထားကြတဲ့လူနှစ်ယောက်က မူလတန်းကျောင်းမှာ သန့်စင်ခန်းအတူတူသွားကြတဲ့ကလေးတွေလိုမျိုး ပုံစံကို ခံစားရစေသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now