5

659 74 0
                                    

Chapter 5: ညစ်ညမ်းသော ဆုများ

တကယ်ကိုဘာလဲ...စနစ် က သူ့ကိုလှိမ့်နေသည်ဟု ဇူအန် ခံစားရသည်။ သူ့ခေါင်းထဲတွင် သတ္ထုရယ်သံကြီးကြားနေရသလိုပင်။ သူ့အတွေးများကို မှန်ပြင်ပေါ်တွင် ပေါ်လာသော စာကြောင်းအချို့က ကြားဖြတ်လိုက်သည်။ ဇူအန် သေချာဖတ်ကြည့်သည်။

အမွှေးမဲ့ကြည်နူးခြင်းဘော: ဒဏ္ဍာရီအရ လူချမ်းသာအမျိုးသမီးများကို ကျေနပ်စေနိုင်သည်။ အဟမ်း..ဒီသာယာမှု၏နောက်ကွယ်တွင် အပျော်ကောင်လေးများ၏ ဝေဒနာများ အရင်းခံလေသည်။ ထို့ကြောင့် အတော်ဉာဏ်ကောင်းသော အပျော်ကောင်လေးတစ်ယောက်မှ သူ့ကိုယ်သူကာကွယ်ရန် တီထွင်ခဲ့လေသည်။

အသုံးဝင်ပုံ; ထိုအရာကိုအသုံးပြုပြီးနောက် သင့်ထက်ချမ်းသာသောအမျိုးသမီးမှ ယူဆောင်လာသော နာကျင်မှုအားလုံးကို သာယာမှုသို့ပြောင်းနိုင်သည်။

သတိပေးချက်;ဤပစ္စည်းသည် သင့်အပေါ်သက်ရောက်သော ထိခိုက်မှုပမာဏ မလျော့နည်းစေပါ။ ဥပမာ လူချမ်းသာအမျိုးသမီးက သင့်ကိုသေစေနိုင်သော ဒဏ်ရာရစေလျှင် သင့်တွင် အသက်မျော့မျော့တော့ ကျန်နိုင်သည်။

သင်ဤပစ္စည်းအား ပစ္စည်းစာရင်းတွင် ထည့်သိမ်းလိုပါသလား။ ထည့်သွင်းလိုပါက Q ခလုတ် ကို နှိပ်လိုက်ပါ။

ဘုရားရေ..ငါ့ကိုလာနောက်နေတာပဲ။ ယဗြွတ်ကို အပျော်ကောင်လေးလား။

ဇူအန်က သူ့လက်ထဲမှ စတီးလုံးကို ကြည့်လိုက်သည်။

မြေကြီးကို ပေါက်ခွဲချင်သွားသည်။
ဒီဟာက ဘာကောင်းလို့လဲ။ လုံးဝနီးပါး အသုံးမကျတဲ့အပြင် အခြေအနေတွေပါရှိနေသေးတယ်။ ငါက ချမ်းသာတဲ့အမျိုးသမီးရဲ့ အပျော်ကောင်လေး လုပ်ရမှာလား။ ဘယ်လိုသုံးရမှာလဲ ဒါကြီးကို။

ကျောက်တုံးမျက်နှာနှင့် ဇူအန်သည် ၎င်းကို ပစ္စည်းစာရင်းထဲ ထည့်ထားလိုက်သည်။ ရေဇလုံထံပြန်သွား၍ မျက်နှာထပ်သစ်ပြန်သည်။

ကံဆိုးမှုမပျောက်သေးဘူးထင်၍ လက်ကိုဆက်ဆေးလိုက်သည်။ ထို့နောက်မှသာ တတိယထီကို ဆက်နှိုက်လေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Waar verhalen tot leven komen. Ontdek het nu